Chapter 63:ကျောက်ကပ်

2.1K 376 28
                                    

ဝမ်တဟူ၏ဆုံးဖြတ်ချက် (1)

သုံးနှစ်အကြာ ပေကျင်းလေဆိပ်၌။

"မင်းအမေရိကကိုရောက်ရင် ကိုယ့်ကိုဖုန်းဆက်နော် ကိုယ့်ကိုစိတ်ပူမနေနဲ့"

"ကောင်းပြီ!"

"အချိန်မှန်စားပြီးအနားယူ တစ်ညလုံးမအိပ်ဘဲမနေနဲ့"

"ကောင်းပြီ!"

"အမေရိကန်ပြည်ထောင်စုမှာ ပြည်သူလုထုလုံခြုံရေးကမကောင်းဘူးလို့ကြားတယ် တစ်ယောက်ပြီးတစ်ယောက်ဆက်တိုက်သတ်တဲ့ လူသတ်သမားတွေ အမြဲရှိနေတယ်တဲ့ အားလပ်တဲ့အချိန်မှာ တစ်ယောက်တည်းအပြင်မထွက်ပါနဲ့"

"ကောင်းပါပြီ!"

"မင်း မင်းကိုယ့်ကိုပြောစရာမရှိဘူးလား?"

"အိုး! ဖြစ်နိုင်မယ်ဆိုရင်.........'"

လီချင်းရန်မှာနှာခေါင်းပေါ်ရှိ ငွေရောင်မျက်မှန်ဘောင်အားတွန်းတင်လိုက်လေသည်။

"ရန်ရန်ရဲ့အင်္ကျီလက်တွေကိုဆွဲထားတာလွှတ်ပေးလို့ရမလား!"

"ဝူးဝူး ရန်ရန်ကအရမ်းရက်စက်တာပဲ!"

ဝမ်တဟူ၏မျက်နှာကရှုံမဲ့သွားကာ လွှတ်မပေးရုံတင်မကဘဲ တစ်ဖက်လူ၏ခါးအားပွေ့ဖက်ကာကျယ်လောင်စွာဖြင့်အော်ဟစ်လာတော့သည်။

"ကိုယ့်ကိုတစ်ယောက်တည်းထားခဲ့ပြီး ကမ္ဘာကြီးရဲ့အခြားတစ်ဖက်ခြမ်းကိုသွားတော့မှာ မင်းကအရမ်းရက်စက်တာပဲ!"

လီချင်းရန် : "..............."

ဘမ်း~~~~~~

ဝမ်တဟူမှာသူ၏တင်ပါးမှနာကျင်မှုကိုခံစားလိုက်ရပြီး တစ်ကိုယ်လုံးမှာဘေးဘက်သို့ကန်ခံလိုက်ရလေသည်။

မည်သည့်နေရာမှာခုန်ထွက်လာသည်လဲမသိသည့်ဖုန်းနန်သည် သူ၏လက်ချောင်းလေးကိုဆန့်ကာအမောတကောအသက်ရှူရင်းပြောလာ၏။

"နေ့ခင်းကြောင်တောင်ကြီးမှာ ကိုကိုချင်းရန်ကိုဘာလုပ်ချင်နေတာလဲ?"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now