(ဒုတိယမြောက်ဒဏ်ရာ)
သုံးရက်အကြာတွင် မြို့တော်စိတ်ကျန်းမာရေးဆေးရုံမှ လူနာတင်ယာဉ်တစ်စီးသည်ရှင်းယဲ့ရွာသို့ မောင်းနှင်လာပြီး လီကျန်းကွေ့ကိုခေါ်ဆောင်သွားခဲ့သည်။ရွာသူရွာသားများက သတင်းကြားသောအခါ တစ်ယောက်ပြီးတစ်ယောက် ရယ်မောကာ လက်ညှိုးထိုးပြရင်းကြည့်ရှုရန် စုရုံးလာကြတော့သည်။အရူးလီကျန်းကွေ့ကို လမ်းပေါ်အမြန်ရောက်အောင်ကားကိုတွန်းခိုင်းသင့်သည်ဟုပင်သူတို့ကပြောလာကြ၏။
ဝမ်တဟူသည် မျက်နှာပေါ်တွင်စိတ်ပျက်လက်ပျက် အမူအရာဖြင့် တံခါးဝ၌တစ်ယောက်တည်းရပ်နေသောထိုကောင်လေးဘေးတွင်ကပ်လျက် ကြည့်နေခဲ့သည်။လီချင်းရန်က သူစိမ်းများကသူ့အဖေကိုကားပေါ်တက်ခိုင်းနေသည်အား ကူကယ်ရာမဲ့စွာကြည့်နေခဲ့၏။
"ဦးလေးကဆေးသွားကုတာ!"
ဝမ်တဟူသည် နွေးထွေးမှုမရှိဘဲအေးစက်နေသောလက်လေးကို ဆုတ်ကိုင်ကာနူးညံ့သိမ်မွေ့စွာပြောလိုက်၏။
"သက်သာသွားရင် သူပြန်လာမှာပါ"
"မေမေသွားပြီ ဖေဖေလည်း သွားပြီ ဒီအိမ်မှာအခု ကျွန်တော်တစ်ယောက်တည်းပဲ"
"အဆင်ပြေသွားမှာပါ!"
ဝမ်တဟူကထိုကောင်လေးကို ဖက်ထားရင်းပြောလာ၏။
"အားလုံးအဆင်ပြေသွားမှာပါ!"
သူ့အမေကတခြားလူနှင့်ထွက်ပြေးသွားကာ အဖေကစိတ်ကျန်းမာရေးဆေးရုံကို ရောက်ရှိသွားခဲ့၏။အသက်ခုနစ်နှစ်သာရှိသေးသော လီချင်းရန်သည် ရုတ်တရက်ပျိုးထောင်ပေးမည့်သူမရှိသော ကလေးလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ဤကိစ္စနှင့်ပတ်သက်၍ ရွာအကြီးအကဲဖြစ်သူဝမ်ရှို့မင်က ခုံးရှို့မေ့၏မိခင်အိမ်ထောင်စုကိုဦးစွာဆက်သွယ်ခဲ့၏။သို့သော် သူတို့အိမ်ထောင်စုသည်ယခင်ကတည်းက ဆင်းရဲနေခဲ့ပြီးသားပင်။
အခြားပါးစပ်တစ်ပေါက်ကို မည်သို့ကျွေးနိုင်မည်နည်း?
YOU ARE READING
Reborn Only to Love You Again || ဘာသာပြန် 《Completed》
RomanceOriginal Title: 重生只为再爱你一次 Author: 一个小瓶盖 Chapter: 76 Chapters (Completed) *MTLမှတိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။* I don't own any part of this story.This is just fun translation.All credit goes to original author.