Chapter 54:ဒဏ်ခတ်ခံရခြင်း

2.2K 388 6
                                    

(ဖြောင့်မတ်ရိုးသားမှုမရှိတဲ့သူက ပျက်စီးခြင်းသို့ဆိုက်ရောက်တတ်တယ်)

ကျောက်ဝမ်သည် သူ့မျက်နှာ၌သွေးများနှင့်အတူ အပြင်သို့ ပြေးထွက်လာခဲ့လေသည်။

အရပ်ရှည်ကာသန်မာပြီးရက်စက်သောမျက်နှာဖြင့်လူကြီးသည် "ဓား"ကိုကိုင်လျက် နောက်မှသွေးရူးသွေးတန်းပြေးလိုက်လာခဲ့၏။

ကျောက်ဝမ်မှာ လမ်းတစ်လျှောက်လုံး၌အကြိမ်ပေါင်းမရေတွက်နိုင်အောင်လဲကျခဲ့ပြီး လူပေါင်းများစွာထံမှဒေါသတကြီးအော်ငေါက်ခံရမှုများလည်းရှိခဲ့လေသည်။နောက်ဆုံးတွင် ခုံးကျော်တံတားပေါ်၌မောဟိုက်စွာလဲကျသွားတော့သည်။

ခွေးသေတစ်ကောင်လိုပင် သွေးအန်နေ၏။

"သေစမ်း မင်းပြေးလေ ဘာလို့မပြေးတော့တာလဲ လောင်ဇီရဲ့မိန်းမကိုခိုးရဲတယ်ပေါ့လေ! ငါကမင်းကြာခိုလို့ရအောင်ခွင့်ပြုပေးထားတယ်များထင်နေတာလား! ကြည့်ရတာမင်းကတော့အသက်ရှင်ရတာပင်ပန်းနေပြီထင်တယ်"

ဦးထုတ်စိမ်းဆောင်းခံလိုက်ရသောအမျိုးသားသည် အေးစက်သောအကြည့်များဖြင့် ကျောက်ဝမ်ထံသို့တစ်လှမ်းချင်းချဉ်းကပ်လာ၏။

"အစ်ကိုကြီး အစ်ကိုကြီး နားလည်မှုလွဲနေတာ နားလည်မှုလွဲနေတာပါ!"

ကျောက်ဝမ်မှာအလွန်ထိတ်လန့်နေပြီး မတ်တပ်ရပ်နိုင်ရန်ခြေလေးချောင်းမရှိခြင်းကိုပင်မုန်းတီးလာတော့သည်။ဤလူမှာမူလကပင်ရက်စက်ကြမ်းကြုတ်သောသူဖြစ်ကာ ပုံမှန်နေ့များ၌လက်ထဲရှိဓားဖြင့်ဝက်များကိုသတ်သောသားသတ်သမားဖြစ်လေသည်။ရက်စက်ပြီးသွေးဆာနေသောအရိပ်အယောင်များကိုအဝေးမှပင်ခံစားနိုင်သဖြင့် နီးကပ်နေသောအကွာအဝေးအတွင်း၌ခြောက်ခြားလွန်းသဖြင့် အသက်ပင်ရှူဝံ့မည်မဟုတ်ပေ။

ကျောက်ဝမ်၏ဘောင်းဘီအောက်မှအဝါရောင်စီးကြောင်းများထွက်ပေါ်လာပြီး ဤလူမှာပို၍ပို၍နီးကပ်လာကာ မီးဖိုးချောင်သုံးဓားမှာလည်းဝှေ့ယမ်းရင်းသူ့ဆီသို့မျက်နှာမူလာသည်ကိုအားကိုးရာမဲ့စွာကြည့်နေပြီးနောက် ကျောက်ဝမ်မှာမည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိသည့်သတ္တိများဖြင့်ထရပ်ကာ မျက်လုံးမှိတ်အံကြိတ်၍တံတားပေါ်မှခုန်ချလိုက်လေတော့သည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now