Chapter 22:ကယ်ဆယ်ခံရခြင်း

3.2K 649 6
                                    

(ဉာဏ်ထက်သောတဟူ)

ရထားပေါ်၌ လူအများအပြားရှိလေသည်။

ဝမ်တဟူသည်မျက်လုံးများမှိတ်ထားရင်း ဆာရှိမိအမျိုးသား၏လက်မောင်းများဖြင့် အတင်းအကျပ်ဖိခံထားရလေသည်။

သူတို့ပြတင်းပေါက်ဘေး၌ ထိုင်နေကြပြီး အရှေ့အနောက်မှဆူညံသံများကို ကြားနေရလေသည်။

ဝမ်တဟူသည် စီးကရက်နံ့များရနေသောထိုလူ၏ရင်ဘတ်ကိုမှီကာ အခွင့်အရေးကိုတိတ်တဆိတ်စောင့်ဆိုင်းနေတော့သည်။

"ကစ်... ကစ်..."

ဒီဇယ်ရထားဟောင်းသည်အသံများထွက်ကာ နှေးရာမှမြန်လာပြီး ရထားတွဲသည်သံလမ်းတစ်လျှောက်အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့တော့သည်။

ဝမ်တဟူသည် အသဲအသန်အော်ဟစ်ပစ်လိုက်ချင်သည့်အကြိမ်များစွာရှိခဲ့ဖူးသော်လည်း ဆာရှိမိအမျိုးသားကသူ့ကို အနီးကပ်စောင့်ကြည့်နေပြီး အောင်မြင်မည်ဟုလည်း မသေချာတော့။

အချိန်ကြာလာသည်နှင့်အမျှ ဝမ်တဟူ၏စိတ်သည် ပို၍ပို၍ စိုးရိမ်လာတော့သည်။ဘူတာသို့မရောက်မီ ငါးမှတ်တိုင်သာစီးရန်လိုအပ်သည်ဟု ဆာရှိမိအမျိုးသားပြောခဲ့သည်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေပြီး ဆိုလိုသည်မှာဝမ်တဟူသည် ဘူတာသို့မရောက်ရှိမီ အကူအညီတောင်းခံရမည်သာ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်သုံးနာရီကုန်ဆုံးသွား၏။

လူကုန်ကူးသူများသည်သက်တောင့်သက်သာဖြစ်နေကြပြီး ရှောင်ဟွမ်မောင်သည် ဖရဲစေ့များ၊ ဝက်ပေါင်ခြောက်များအစရှိသည်တို့ကို အိတ်ကပ်များမှထုတ်ယူကာ အချို့သောသာမန်ခရီးသွားများကဲ့သို့အလွန် "သက်တောင့်သက်သာ"ရှိစွာပြုမူနေလေတော့သည်။

"XXXX ဘူတာရောက်ရှိပါပြီ ရထားပေါ်မှဆင်းမည့်ခရီးသည်များကျေးဇူးပြုပြီး ဆင်းနိုင်ပါပြီ..."

ချိုမြိန်သောအသံသည် ရေဒီယိုမှထွက်ပေါ်လာသော်လည်း ဝမ်ဟူ၏စိတ်မှာရုတ်တရက်တင်းမာလာတော့သည်။သူ့လက်ဖဝါးမှာ ဖန်ကွဲစကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရသဖြင့် သွေးများကပင်ပြတ်တောက်သွားလုနီးပါးပင်။နာကျင်မှုက သူ့အား အချိန်အနည်းငယ်သာကျန်တော့ကြောင်း ပြောပြနေခဲ့လေသည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now