Chapter 76:အဆုံးသတ်

6.9K 573 58
                                    

(ပထမလ၏ဆယ့်ငါးရက်မြောက်နေ့တွင် ဝမ်တဟူနှင့်လီချင်းရန်တို့သည် ပေကျင်းသို့ပြန်ခဲ့ကြလေသည်။ နေ့ရက်များတရွေ့ရွေ့ကုန်ဆုံးသွား၏...)

ပထမလ၏ဆယ့်ငါးရက်မြောက်နေ့တွင် ဝမ်တဟူနှင့်လီချင်းရန်တို့သည်ပေကျင်းသို့ပြန်ခဲ့ကြလေသည်။

နေ့ရက်များတရွေ့ရွေ့ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင်အပြင်ဘက်လမ်းပေါ်ရှိပေါ့ပလာပင်များ၌ စိမ်းစိုသောအရွက်များထွက်ပေါ်လာကာ နွေဦး၏အရိပ်အမြွက်အနည်းငယ်ကို ဤမြို့ကြီးထံသို့သယ်ဆောင်လာခဲ့တော့သည်။

ထိုနေ့တွင် နွေဦး၏မိုးသည်ဖြည်းညှင်းစွာပင်ရွာသွန်းလာခဲ့၏။

ဝမ်တဟူကဖုန်းကိုထုတ်ကာအချိန်ကိုကြည့်လိုက်ပြီး လီချင်းရန်အားဖုန်းခေါ်လိုက်လေသည်။

"............အခြေအနေအရတော့ဒီမိုးကခဏနဲ့တိတ်မှာတော့မဟုတ်ဘူး ကိုယ်ကားမောင်းလာပြီးမင်းကိုလာကြိုမယ်......ကိုယ်တို့အပြင်ထွက်စားပြီးမှပြန်ကြရအောင်"

"ပရောဂျက်လုပ်ရမှာကြောင့်နောက်ကျနိုင်တာလား?.......ကောင်းပြီ မင်းပြီးသွားတဲ့အချိန်ကျရင်ကိုယ့်ကိုဖုန်းဆက်လိုက်နော်.........ကောင်းပြီ........မွမွ တာ့တာ့!"

ဝမ်တဟူမှာဖုန်းအားအကြိမ်အနည်းငယ်မျှအနမ်းပေးလိုက်ပြီးနောက် လေချွန်လိုက်ကာဖုန်းချသည့်ခလုတ်အားနှိပ်လိုက်လေသည်။

ညဘက် ကိုးနာရီဆယ့်ငါးမိနစ်၌။

ဝမ်တဟူကကားဖြင့်သူ့အားသွားကြိုခဲ့ပြီး နှစ်ယောက်သားဖူကျင်းကျီ၌ဟောပေါ့စားရန်သွားခဲ့၏။

"ဘာဖြစ်လို့လဲ?"

လီချင်းရန်သည်မကြာခဏဆိုသလိုပြတင်းပေါက်အပြင်ဘက်ကိုသာကြည့်နေသဖြင့် ဝမ်တဟူကမနေနိုင်တော့ဘဲမေးလိုက်လေသည်။

"မင်းဘာတွေကြည့်နေတာလဲ?"

လီချင်းရန်၏မျက်နှာ၌ချီတုံချတုံဖြစ်သောအမူအယာပေါ်လာသည့်တိုင် အဆုံး၌ခေါင်းခါကာဘာမှမပြောခဲ့ပေ။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now