Chapter 12:ပျောက်ဆုံးခြင်း

3.8K 682 12
                                    

(ကလေးလေးရှောင်ဟူ)

ကျန်းဖန်းသည် ဆေးရုံတွင်ရှိနေဆဲဖြစ်သောကြောင့် ဝမ်တဟူတို့အဖွဲ့သည် အိမ်တွင်ရပ်နားရမည့်အစား ဆေးရုံသို့သာ တိုက်ရိုက်သွားခဲ့ကြလေသည်။

ကလေးက အချိန်မီမွေးဖွားလာခဲ့လေသည်။တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖြူဖွေးထွားကြိုင်းပြီးမယုံနိုင်လောက်အောင်ချစ်ဖို့ကောင်းနေသဖြင့် အဘိုး၊အဘွားနှစ်ယောက်မှာ အကြာကြီးစိုက်ကြည့်နေကြပြီး အရေးအကြောင်းများပေါ်လာသည်အထိပက်ပြုံးနေကြ၏။ဝမ်တဟူက ကျန်းဖန်း၏အိပ်ယာဘေးသို့သွားလိုက်ပြီး စိတ်ပူစွာမေးလိုက်သည်။

"မေမေ နေကောင်းရဲ့လား?"

သူ့အဘိုးနှင့်အဘွားမှာ တံခါးမှဝင်လာသည်နှင့် သူတို့၏မြေးအသစ်လေးကိုကြည့်ရန်သာ အပြေးအလွှားသွားကြပြီး ချွေးမကိုလျစ်လျူရှုထားမိကြလေသည်။၎င်းဟာလူ့သဘာဝဖြစ်သော်လည်း သူမ၏နှလုံးသားထဲတွင်တော့ အနည်းငယ်မသက်မသာခံစားရဆဲ။ယခုတော့ သူမသားအကြီးဆုံး၏ဂရုစိုက်တတ်သည့်အသံကိုကြားလိုက်ရသဖြင့် ကျန်းဖန်း၏ မျက်လုံးများကနီရဲလာကာဝမ်တဟူကိုရင်ခုန်စွာ ပွေ့ဖက်ရင်းမေးလိုက်၏။

"မေမေနေကောင်းပါတယ် မေမေကတဟူကို လွမ်းနေတာ တဟူလေးကရော မေ့မေ့ကိုလွမ်းလား?"

"လွမ်းတာပေါ့!"

ကျန်းဖန်းကကိုယ်ဝန်ရှိနေသည်ကို တွေ့ရှိခဲ့ပြီး ဝမ်တဟူဟာသူ့အဖိုးအဖွားအိမ်၌နေခဲ့ရကာ ကလေးနှင့်အမေသည်အကြိမ်အနည်းငယ်သာ တွေ့ဆုံခဲ့ရ၏။ထုံးစံအတိုင်း သူ့သားကိုလွမ်းနေပေလိမ့်မည်။သူ့မိန်းမ၏ မျက်လုံးများနီရဲနေသည်ကိုမြင်လျှင် ဝမ်ကွမ်ကျုံးက ပြေးလာပြီးအကြံပေး၏။

"ဖန်းအာ မျက်လုံးကိုသတိထားပါ မွေးပြီးပထမလမှာ ကိုယ်အလေးချိန်ကျသွားတာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး"

တဟူ၏အဘိုးအဘွားများသည် နောက်ဆုံးတွင် ၎င်းတို့ချွေးမလေး၏အခြေအနေကို သတိပြုမိသွားပြီး အကြံဉာဏ်များထပ်မံပေးခဲ့လာသည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now