(အစိတ်စိတ်အပိုင်းပိုင်းဖြတ်တောက်ခံထားရသည့်ခန္ဓာကိုယ်)
[Warning: This chapter may include some gory details ❗️]
မှောင်စပြုလာပြီဖြစ်ကာ လီချင်းရန်သည်လည်းပျောက်ဆုံးနေဆဲ။ဝမ်တဟူသည်ခဏမျှတွေးတောကာ "အိမ်ဟောင်း"သို့သွားကြည့်ရမည်လား စဉ်းစားနေမိ၏။နှစ်များကြာလှပြီဖြစ်သော်လည်း ရံဖန်ရံခါဆိုသလိုပင် ရန်ရန်သည်တစ်ယောက်တည်းပြန်သွားကာ ကြည့်နေတတ်လေသည်။ဤသို့တွေးပြီးနောက် ရွာအရှေ့ဘက်သို့ အပြေးအလွှားလျှောက်သွားလိုက်၏။
ပျက်စီးနေသောတဲအိမ်ငယ်လေးသည် ညဘက်တွင်တစ်ခုတည်းတည်ရှိနေကာ သရဲ၊တစ္ဆေများကိုဆွဲဆောင်နေသလို အုံ့မှိုင်းကာအေးစက်နေလျက်။
ဝမ်တဟူရှေ့သို့လှမ်းကြည့်လိုက်ရာ တံခါးရှေ့တွင် ချိတ်ထားသော ကြေးနီသော့ခလောက်ကြီးသည် အမှန်တကယ်ပျောက်နေသည်ကို တွေ့လိုက်ရလေသည်။
"ဘမ်း ဘမ်း ဘမ်း"
ဝမ်တဟူကတံခါးကိုရိုက်ရင်း အော်ခေါ်လိုက်၏။
"ရန်ရန် ရန်ရန် မင်းအထဲမှာရှိလား? တံခါးဖွင့်ပါဦး!"
ဝမ်တဟူကခဏမျှခေါက်ကြည့်လိုက်သော်လည်း မည်သူကမျှပြန်မဖြေသဖြင့် မျက်မှောင်ကြုတ်ရင်းအိမ်ထဲသို့ကြည့်နိုင်သည့်ပြတင်းပေါက်ရှိသည့် အိမ်နောက်ဘက်သို့လျှောက်သွားလိုက်လေသည်။
"ဒီနေရာမှာဘယ်လိုလုပ် အပေါက်ရှိနေတာလဲ?"
မြက်များဖုံးနေသည့်နံရံ၌အကွဲကြောင်းတစ်ခုကိုမြင်လိုက်သဖြင့် ဖော်ထုတ်ကြည့်လိုက်ရာ လူတစ်ရပ်ခန့်မြင့်သည့်အပေါက်တစ်ခုကိုတွေ့လိုက်ရတော့သည်။
ဝမ်တဟူသည် မသိနိုင်သောအကြောင်းပြချက်တစ်ခုကြောင့် နှလုံးသားထဲတွင်အလွန်ဆိုးရွားသောကြိုတင်သတိပေးချက်တစ်ခုက ရုတ်တရက်ဝင်ရောက်လာခဲ့တော့သည်။အခန်းသည်မှောင်မိုက်နေပြီး သံချေးနံ့နှင့်ငါးညှီနံ့များကဲ့သို့အလွန်ပြင်းထန်လှသောအနံ့ကဝဲပျံ့နေကာ နှာခေါင်းထဲသို့စူးရှစွာတိုးဝင်လာတော့သည်။
ŞİMDİ OKUDUĞUN
Reborn Only to Love You Again || ဘာသာပြန် 《Completed》
RomantizmOriginal Title: 重生只为再爱你一次 Author: 一个小瓶盖 Chapter: 76 Chapters (Completed) *MTLမှတိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။* I don't own any part of this story.This is just fun translation.All credit goes to original author.