Chapter 21:အကူအညီတောင်းခြင်း

3.1K 578 16
                                    

(နောက်ဆုံးအခွင့်အရေး)

"ဦးလေး"

ဝမ်တဟူကစိုးရိမ်တကြီးဖြင့် မေးလိုက်၏။

"ဒီမှာအရက်ဖြူရှိလား? ဒီညီလေးအဖျားပြန်တက်​နေတယ် ဒီလိုသာဆက်ဖြစ်ရင်သူသေသွားလိမ့်မယ်!"

ရှောင်ဟွမ်မောင်၏အိပ်ငိုက်နေသောမျက်နှာမှာ
ရုတ်တရက်အကျည်းတန်သွား၏။သူ့မျက်လုံးထဲ၌ ဤကလေးများသည် ဒါဇင်ချီသောပိုက်ဆံများဖြစ်ကာ တစ်ယောက်လျော့နည်းသွားလျှင်လည်းဆုံးရှုံးမှုသာ!

ထို့ကြောင့် ဝမ်တဟူသည်အရက်ဖြူပုလင်းငယ်တစ်ခုအပြင် ရေနွေးနှင့်အခြားပစ္စည်းများကိုပါရရှိခဲ့လေတော့သည်။

ကလေး၏အဝတ်အစားများကိုချွတ်ကာ အရက်ဖြူထဲနှစ်ထားသောမျက်နှာသုတ်ပုဝါဖြင့် ခန္ဓာကိုယ်အတွင်းမှအပြင်၊အပေါ်မှအောက် တစ်ကိုယ်လုံးကိုညင်သာစွာသုတ်ပေးလိုက်၏။အဖျားလျော့စေရန် တစ်ကိုယ်လုံးကိုအရက်ဖြူဖြင့် သုတ်ပေးခြင်းသည် အချို့သောကျေးလက်ဒေသများရှိ ဒေသန္တရနည်းလမ်းဖြစ်လေသည်။အကြောင်းမှာ အရက်သည် ဘက်တီးရီးယားပိုးသတ်နိုင်သောအာနိသင်ရှိပြီး သုတ်ပေးနေစဉ်အတွင်း ခန္ဓာကိုယ်မှအပူပမာဏအချို့ကိုဖယ်ထုတ်ကာ အပူရှိန်ကိုလျော့ကျစေနိုင်သောကြောင့်ပင်။

ထို့ကြောင့်နှစ်နာရီသုံးနာရီကြာတိုင်း ဤကဲ့သို့လုပ်ပေးရာ အာရုဏ်တက်ချိန်၌ကလေးသည်အပူမရှိတော့။သူ့အားဆေးနှစ်ကြိမ်မျှတိုက်ပြီးနောက် ဝမ်တဟူသည် အလွန်စိတ်သက်သာရာရသွားတော့သည်။

နောက်ထပ်ခုနစ်ရက် သို့မဟုတ် ရှစ်ရက်အကြာတွင် ငါးယောက်မြောက်ခုံးကလေးမလေးအပါအဝင် ကလေးကိုးဦးအနက် ခုနစ်ဦးကိုတစ်ဦးပြီးတစ်ဦး ခေါ်ဆောင်သွားခဲ့တော့သည်။

"ကိုကိုတဟူ ကျွန်တော်တို့သေမှာလား?"

ဝမ်တဟူထံမှကယ်တင်ခြင်းခံခဲ့ရသော ကလေးလေးသည် သူရဲဘောကြောင်စွာမေးလာခဲ့လေသည်။

ထိုကလေးလေး၏အမည်မှာ ဖုန်းရှောင်မင် ဖြစ်ကာသူ့ကိုယ်သူပေါင်ပေါင်ဟုသာသုံးနှုန်းလေ့ရှိ၏။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now