Chapter 39:ချိုမြိန်မှု

3.5K 500 31
                                    

ယေဘူယျအားဖြင့် တစ်ယောက်ကိုတစ်ယောက် ခံစားချက်များဝန်ခံပြီးကြသည့်ချစ်သူများက ဘယ်လိုမျိုးရှေ့ဆက်ကြလဲ?

အဖြေ 1 : ချိုမြိန်လှ၏။ တစ်နေ့တာလုံး 25 နာရီမျှအတူတူရှိနေရလျှင်ပင် မငြီးငွေ့နိုင်ပေ။ဥပမာ—ဝမ်တဟူလို။

အဖြေ 2 : ယခင်ကနှင့်ကွဲပြားမှုမရှိစွာ အေးစက်တိတ်ဆိတ်နေဆဲသာ။ ဥပမာ—လီချင်းရန်လို။

ထို့ကြောင့် ကျယ်ပြန့်လှသောရှုထောင့်မှကြည့်လျှင်ဝမ်တဟူ၏လတ်တလောဘဝသည် အလွန်ပင် ကျေနပ်စရာမရှိပေ။၎င်း၏အဓိကဖော်ပြချက်မှာ "လိုအင်ဆန္ဒမပြည့်ဝ"ခြင်းသာ။

တားမြစ်ထားသောအသီးကိုစားမိကာစည်းကမ်းချိုးဖောက်မိသော လိုအင်ဆန္ဒများနှင့်ဆယ်ကျော်သက်အရွယ်ကောင်လေးမှာ သူ၏သက်လျာလေးနှင့် "ကြင်နာယုယ"ချင်နေတာက မှားလား?

ထို့အပြင်ချစ်စဖွယ်မှင်စာလေးမှာ နေ့တိုင်းသူ၏နံဘေးတွင်အိပ်စက်ပြီး ဖြူဖွေးလှသောကြွေထည်လေးလို နူးညံ့သိမ်မွေ့လှသောလည်ပင်းလေး၊ ဖြည်းညှင်းစွာပျံ့လွင့်နေသောမွှေးရနံ့နှင့် အေးချမ်းစွာအိပ်မောကျနေသောမျက်နှာလေးသည် သူ၏နုနယ်လှသော အာရုံခံစားမှုများကိုအဆက်မပြတ်လှုံ့ဆော်ပေးနေသောကြောင့် သူ့ကိုယ်သူထိန်းမရတော့ဘဲ အမြဲတမ်းလီချင်းရန်ကို ထိချင်၊နမ်းချင်နေသည်ကမှားသလား?

ဝမ်တဟူသည်မျက်ဝန်းအတွင်းမျက်ရည်များဖြင့် ပြည့်နှက်နေရင်း မျက်နှာပေါ်မှနီရဲနေစွာရိုက်ခံထားရသောလက်ဝါးရာကိုထိလိုက်မိ၏။ ဒီလိုမျိုးအားအကုန်ထုတ်သုံးလိုက်တာလား?

သူစိတ်ထိခိုက်နာကျင်နေချိန်တွင်စင်မြင့်ပေါ်မှchihuahuaကတော့ ဆရာတစ်ယောက်၏ကောင်းမွန်သောအသွင်အပြင် ကြည်နူးချိုသာသောအသံဖြင့်ပြောလာ၏။

"အလယ်တန်းကျောင်းသားများအတွက် <<တတိယအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာအင်္ဂလိပ်စာပြိုင်ပွဲ>> စတင်တော့မှာပါ အထက်လူကြီးတွေရဲ့တောင်းဆိုချက်ကိုတုံ့ပြန်ပြီး ကျောင်းသားများရဲ့အင်္ဂလိပ်စာစွမ်းရည်ကိုမြှင့်တင်ရန်နှင့်လေ့ကျင့်ခန်းလုပ်ရန်အတွက် အားလုံးကတက်ကြွစွာနဲ့ပါဝင်စာရင်းသွင်းကြမယ်လို့မျှော်လင့်မိပါတယ် ဒါကဒီပြိုင်ပွဲအတွက်သတ်မှတ်ထားတဲ့လိုအပ်ချက်အချို့ပါ မင်းတို့တွေပြန်ကြည့်ရှုပြီးရင် လူတိုင်းကသူတို့ကိုယ်တိုင်လေ့ကျင့်ခန်းတွေလုပ်နိုင်လိမ့်မယ်လို့ ဆရာက မျှော်လင့်ပါတယ်"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now