Chapter 69:အမုန်းတရား

2.3K 416 35
                                    

(အတိတ်မှကိစ္စရပ်များ)

လီချင်းရန်၏တောင်းဆိုချက်ကိုကြားလျှင် ခုံးရှို့မေ့သည်ခြေလှမ်းသုံးလှမ်းမျှ နောက်ဆုတ်သွားမိလေသည်။

သူကငိုရင်းပြောလာ၏။

"အဲ့ကလေးတဟူရဲ့ မေမေတို့အပေါ်ထားပေးခဲ့တဲ့ကြင်နာမှုကို ဒီတစ်သက်လုံးနွားလိုအလုပ်လုပ်ပေးရင်တောင်ပြန်မပေးဆပ်နိုင်ဘူး ဒါပေမဲ့ ဒါပေမဲ့........ရန်ရန် မင်းရဲ့တောင်းဆိုချက်ကိုပြောင်းလဲလိုက်ပါနော် မေမေကမင်းမေ့မေ့အသက်ကိုလိုချင်ရင်တောင် မေမေ မေမေကမင်းကိုပေးချင်တာပါ!"

နားထောင်ရတာ ကြားကောင်းသားပဲ!

လီချင်းရန်သည်လက်များကိုတင်းတင်းကြပ်ကြပ်ဆုတ်ထားမိပြီး လက်သည်းများလက်ဖဝါးအတွင်းနစ်ဝင်ခြင်းကနာကျင်ရသော်လည်း သူ့နှလုံးသားအတွင်းရှိနာကျင်မှုကပိုနေလေသည်။

ဝမ်တဟူ ခွဲစိတ်ကုတင်ပေါ်တွင်တစ်ယောက်တည်းလှဲလျောင်းနေသည်ကိုတွေးမိ၏။

လက်အိတ်ဖြူဝတ်ထားသည့်ဆရာဝန်များက သူ့ခန္ဓာကိုယ်ထဲမှကျောက်ကပ်ကို အရှင်လတ်လတ် ထုတ်ယူသွားခဲ့သည်ကို တွေးမိ၏။

ထိုကဲ့သို့အမုန်းတရားများ။ဤကိစ္စများအားလုံးကိုဖြစ်ပေါ်စေခဲ့သည့်တရားခံကိုသတ်ပစ်လိုသည့် အမုန်းတရားများကို ထိန်းချုပ်မထားနိုင်တော့ဘဲစိတ်ထဲမှပေါက်ကွဲထွက်လာတော့သည်။

"ရန်ရန် ရန်ရန်....."

ခုံးရှို့မေ့ကငိုရင်းပြောလာလေသည်။

"မင်းစိတ်မကောင်းဖြစ်နေမှန်းငါသိပါတယ် ဒါပေမဲ့ ဒါပေမဲ့ဝမ်အာကမင်းညီမ....အမေတူညီမပဲလေ"

"အမေတူညီမ?"

လီချင်းရန်မှာအလွန်ရယ်စရာကောင်းသောအရာတစ်ခုကိုကြားလိုက်ရသလိုပင် သူ့နှုတ်ခမ်းထောင့်များကမြင့်တက်သွားပြီး ထေ့ငေါ့လာတော့သည်။

"ခင်ဗျားပြောတာမှားတယ်! ကျွန်တော်တို့ကအမေတင်မကဘူး အဖေလည်းအတူတူပဲလေ!"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now