Chapter 49: အသိပေးခြင်း

2.2K 391 7
                                    

(ရန်ရန်ရဲ့စိုးရိမ်ပူပန်မှုတွေကိုခန့်မှန်းလို့ကိုမရဘူး~~~~)

Lunarနှစ်သစ်။

နံနက်စောစောတွင် ဝမ်တဟူနှင့်လီချင်းရန်တို့သည် "ဘယ်ဘက်လက်၌ကြက်တစ်ကောင် ညာဘက်လက်၌ဘဲတစ်ကောင်[1]"ဟူသည့်အတိုင်း နှစ်သစ်ကူးအတွက်လက်ဆောင်အိတ်ကြီးများကိုသယ်ကာ လုံရိမင်၏အိမ်သို့သွားခဲ့ကြလေသည်။တံခါးဝမှဝင်လိုက်သည်နှင့် အမွှာလေးနှစ်ယောက်ကိုချီကာကျီစယ်နေကြသော အဘိုးနှင့်အဘွားကိုဧည့်ခန်းထဲ၌တွေ့လိုက်ရလေသည်။

"အဘိုး အဘွား နှစ်သစ်မှာပျော်ရွှင်ပါစေလို့တဟူကဆုတောင်းပေးပါတယ်!"

ဝမ်တဟူကပြုံးကာ ခေါင်းကိုငုံ့ရင်းနှုတ်ဆက်လိုက်၏။

သူတို့၏အချစ်ဆုံးမြေးအကြီးရောက်လာသည်ကိုမြင်လျှင် လူအိုကြီးနှစ်ယောက်မှာချက်ချင်းရယ်မောကာဂရုတစိုက်ဖြင့် ပြောလာ၏။

"ကောင်းတယ် ကောင်းတယ် ဟူကျစ်နဲ့ရန်ရန်တို့ရောက်လာပြီ အဘွားဆီလာပါအုန်း မင်းတို့ကိုသေချာကြည့်ပါရစေ"

"အဘိုးနဲ့အဘွားကျန်းမာရေးကရောဘယ်လိုလဲ? မဆိုးဘူးမလား? အဘွားရဲ့အရိုးအဆစ်တွေရောဒီနှစ်မှာကိုက်ခဲနေသေးလား?"

"ကောင်းပါတယ် ဟိုးအရင်ကပို့လိုက်တဲ့ဆီမွှေးကပ်ခွါကတကယ်ကောင်းတယ် ဒူးပေါ်တင်လိုက်တာနဲ့ပူပြီးခြေထောက်တွေလည်းသိပ်မနာတော့ဘူး"

"တကယ်လား?"

ဝမ်တဟူကပြုံးကာ အဘွား၏နံဘေးကိုမှီကာပြောလိုက်၏။

"အဘွား ကျွန်တော်ကအဲ့တာအတွက်သေချာပေါက်ကိုအမှတ်မယူရဲပါဘူး အဲ့ဒီဆေးကပ်ခွါကရန်ရန်ကြောင့်ရလာတာ အဲ့တာကတိဘတ်ကထုတ်တာမို့ဝယ်ဖို့တောင်မလွယ်ဘူးလို့ကြားတယ်!"

"ဟုတ်လား ရန်ရန် အဘွားကမင်းကိုကျေးဇူးတင်ပါတယ်!"

"ကျေးဇူးတင်စရာမလိုပါဘူး!"

လီချင်းရန်ကပြုံးကာ ပြောလာ၏။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now