(အားကစားပွဲအတွင်းမှ ဖွင့်ပြောမှု)
အောက်တိုဘာလအစတွင် ဝမ်တဟူနှင့်လီချင်းရန် တို့သည် မိဘများနှင့်မိသားစုများ၏တွန့်ဆုတ်မှုနှင့်တိုက်တွန်းမှုများအောက်တွင် အမှတ်ရစရာများစွာရှိလေသော ၎င်းတို့မွေးဖွားကြီးပြင်းရာပြည်နယ်မှထွက်ခွါသွားခဲ့ကြလေသည်။မြို့တော်Hသို့သွားရန် ရထားပေါ်တက်လိုက်ပြီးနောက် မျက်လုံးများနီရဲနေကာပြတင်းပေါက်အပြင်ဘက်မှလက်ဝှေ့ယမ်းပြနေသည့်မိသားစုဝင်များကို ကြည့်လိုက်ရင်း ဝမ်တဟူမှာပင့်သက်ရှိုက်ကာ အလွန်စိတ်မသက်မသာခံစားနေခဲ့ရတော့သည်။
လီချင်းရန်သည်မျက်ဝန်းများအတွင်း၌ အပြစ်ရှိစိတ်များနှင့်အတူ သူ့လက်ကိုတင်းကြပ်စွာဆုတ်ကိုင်ထားခဲ့လေသည်။
ဝမ်တဟူသည်သူ့ခေါင်းလေးကိုကိုင်လိုက်ပြီး အနည်းငယ်ပြုံးပြလိုက်၏။
နောက်ဆုံးတွင်ရထားသည်စတင်ခဲ့ပြီး ဆယ်ကျော်သက်လေးနှစ်ဦးကိုဆွဲခေါ်သွားကာ ၎င်းတို့၏ဘဝတွင် ကဏ္ဍသစ်တစ်ခုကိုစတင်စေခဲ့တော့သည်။
ထိုည ညသန်းခေါင်၌ သူတို့ထိုနေရာသို့ရောက်ခဲ့ပြီး လုံရိမင်ကသူတို့ကိုလာကြို၏။
ဝမ်တဟူသည်ထိုအချိန်တွင် အစောပိုင်း၌စတင်ခဲ့သည့် "လွမ်းဆွေးခြင်း"များကအဆုံးသတ်သွားပြီဖြစ်ပြီး လှောင်အိမ်ထဲမှငှက်တစ်ကောင်လို တင်းကြပ်သည့်ခံစားချက်ကလည်း ရပ်တန့်သွားလေတော့သည်။
"မွေးစားဖေဖေ[1] ဦးလေးဘယ်မှာလဲ?"
ဇိမ်ခံ BMWကားထဲ၌ ဝမ်တဟူကပြုံးကာမေးလိုက်၏။
လုံရိမင်ကသူ့အားအတော်လေးချစ်မြတ်နိုးသည့်အကြည့်ဖြင့်ကြည့်ကာ ပြန်ဖြေလာလေသည်။
"အားကျူကမင်းအတွက် ကြိုဆိုတဲ့ညစာလုပ်ပေးချင်လို့တဲ့ ဒါကြောင့်အိမ်မှာအစားအသောက်တွေပြင်ဆင်နေတယ်"
"အာ? သူကိုယ်တိုင်ချက်နေတာလား?"
ဝမ်တဟူက၎င်းကိုကြားလျှင် ချက်ချင်းပင်ရှောင်ဖယ်သောအမူအယာနှင့်အတူ တိုးတိုးလေးရေရွတ်လာ၏။
YOU ARE READING
Reborn Only to Love You Again || ဘာသာပြန် 《Completed》
RomanceOriginal Title: 重生只为再爱你一次 Author: 一个小瓶盖 Chapter: 76 Chapters (Completed) *MTLမှတိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။* I don't own any part of this story.This is just fun translation.All credit goes to original author.