Chapter 60: ခိုးကြောင်ခိုးဝှက်

2.2K 378 3
                                    

ဝမ်တဟူဖျားနာရာမှကောင်းမွန်လာပြီးနောက် လီချင်းရန်ကခုံးရှို့မေ့အကြောင်းထပ်ပြောသည်ကို မကြားရတော့။

သူကအကြိမ်အနည်းငယ်မျှသွယ်ဝိုက်၍ပြောဆိုကြည့်သော်လည်း လီချင်းရန်ကအကြိမ်တိုင်းဝတ်ကျေတမ်းကျေသာပြန်ဖြေပြီး ရက်အနည်းငယ်မျှစောင့်ကြည့်သည့်တိုင် သာမန်နှင့်မတူသောစိတ်အခြေအနေမကောင်းမှုများမရှိသဖြင့် ဝမ်တဟူမှာခဏမျှ စိတ်သက်သာရာရသွားလေသည်၊

ဝမ်တဟူမှာသက်သာသွားပြီးနောက် ကျောင်းပြန်တက်ခဲ့၏။ဒုတိယအချိန် ပရိုဂရမ်အတန်းမှထွက်လာချိန်၌ တစ်စုံတစ်ယောက်ကသူ့အားရပ်တန့်လိုက်လေသည်။

"ရှန်းလုတောင်?"

သူကမျက်ခုံးပင့်လိုက်၏။

"အဲ့ဒီနာမည်ကိုမကြားဖူးဘူး မဖြစ်မနေပါဝင်ရမှာလား?"

"ပါဝင်မလား၊မပါဝင်ဘူးလားဆိုတာက အဖွဲ့ဝင်တွေရဲ့ဆုံးဖြတ်ချက်အပေါ်ပဲမူတည်ပါတယ်!"

ဝမ်တဟူပါဝင်ခဲ့သည့် "ခရီးသွားဖော်ဝင်ဆောင်မှုကလပ်"မှဥက္ကဋ္ဌ စီးပွါးစီမံဌာနမှတတိယနှစ်ကျောင်းသားဖြစ်သူက တက်ကြွစွာဖြင့်ပြောလာ၏။

"ကျောင်းသားဝမ် မင်းအဖွဲ့ထဲကိုဝင်ပြီးတဲ့အချိန်ကနေစပြီး အခုထိအသင်းရဲ့လှုပ်ရှားမှုမှာမပါဝင်ရသေးဘူးလေ! မင်းသွားပြီးပျော်ဖို့ငါအကြံပြုချင်တယ် သဘာဝတရားကမင်းရဲ့စိတ်ကိုငြိမ်းချမ်းစေလိမ့်မယ် သေချာပေါက်ကိုပြိုင်ဘက်ကင်းတဲ့လှပမှုရဲ့အနှစ်သာရပေါ့ ပြီးတော့.........."

ဝမ်တဟူသည် ထိုလူ၏"မြူးထူးစွာ"ရှင်းပြနေခြင်းကို စိတ်မပါစွာနားထောင်နေသော်လည်း စိတ်ထဲတွင်တော့တွေးလိုက်မိလေသည်။

ဤအတောအတွင်း၌ ရန်ရန်မှာအလွန်ပင်ပန်းခဲ့ရလေသည်။သူ့အားအပန်းဖြေရန်ခေါ်သွားတာပိုကောင်းပေလိမ့်မည်။

"ကျွန်တော့်မှာ တက္ကသိုလ်Yကသူငယ်ချင်းတစ်ယောက်ရှိတယ် သူ့ကိုပါခေါ်သွားလို့ရမလား?"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now