Chapter 36:နားလည်မှုလွဲခြင်း

3.2K 528 21
                                    

(လုံးဝကို မတော်တဆတိုက်ဆိုင်မှုသာ)

"စိတ်မကောင်းပါဘူး"

ဝမ်းနည်းနေသည့်အမူအရာဖြင့် ဝမ်တဟူကပြောလိုက်၏။

"မင်းရဲ့ဆန္ဒကို ငါလက်မခံနိုင်ဘူး"

"ဘာ ဘာဖြစ်လို့လဲ?"

ချောင်ရှစ်ယွီသည် သူမ၏ဖွင့်ပြောမှုငြင်းပယ်ခံနေရသည်ကိုကြားလျှင် ချက်ချင်းပင်မျက်ရည်များစီးကျလာတော့သည်။

နှစ်နှစ်ကြာတိတ်တခိုးချစ်ခဲ့ပြီးနောက် သတ္တိများကိုစုစည်းကာဖွင့်ဟရန်မှာအလွန်ခက်ခဲလှသောကြောင့် ကလေးမလေးမှာ အလွန်အမင်းဝမ်းနည်းနေခဲ့၏။

"အရမ်းရိုးရှင်းတယ်လေ ဘာလို့လဲဆိုတော့ငါ့မှာကြိုက်နေတဲ့သူရှိလို့ပဲ!"

ချောင်ရှစ်ယွီကရုတ်တရက်ခေါင်းမော့ကာ မေးလာ၏။

"ဘယ်သူလဲ?"

ဝမ်တဟူသည်မျက်ဝန်းထောင့်မှ တံခါးနားရှိအဖြူရောင်ဖိနပ်တစ်စုံကိုကြည့်လိုက်ပြီး ကလေးမလေးအားကြင်နာစွာပြောလိုက်လေသည်။

"သူဘယ်သူလဲဆိုတာအရေးမကြီးပါဘူး အရေးကြီးတာက သူ့ကိုငါကြိုက်တယ် ချစ်တယ် ငါကသူ့ကိုအမြဲတမ်းအရမ်းကိုချစ်မြတ်နိုးနေခဲ့တာ ငါ့မျက်လုံးထဲမှာတော့ သူကကမ္ဘာပေါ်မှာရှိတဲ့အလှပဆုံးရတနာလေး ချောက်ကမ်းပါးပေါ်ကခူးဆွတ်နိုင်ခြင်းမရှိတဲ့ပန်းပွင့်လေး ငါ့ဘဝကိုအမြဲအလင်းရောင်ပေးခဲ့တဲ့ကောင်းကင်ပေါ်ကနေမင်းလေးပဲ!"

"ဝူး ဝူး ဝူး....."

ချောင်ရှစ်ယွီကရှေ့သို့တိုးလာပြီး "အိုး! ဂျူလီယက် နင်ကဘာလို့ဂျူလီယက်[1]"လဲဟူသောမျက်နှာအမူအယာမျိုးဖြင့်သရုပ်ဆောင်ဝမ်တဟူကိုကြည့်လာပြီး သူမအလွန်စိတ်လှုပ်ရှားသွားလေတော့သည်!!!

အတန်းဖော်တဟူ တကယ်ကိုပဲအရူးအမူးချစ်မိနေတာပဲ!

"ဒါ ဒါဆို နင်တို့နှစ်ယောက်တွဲနေပြီလား?"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Donde viven las historias. Descúbrelo ahora