Chapter 18:အရှက်မရှိခြင်း

3.5K 692 23
                                    

ဝမ်တဟူကတစ်ချက်စောင်းကာ ထိုအန္တရာယ်များလှသော သားအမိကိုကြည့်ရင်းတိတ်တိတ်လေးပြောလိုက်၏။

"ဒါကကမ္ဘာပေါ်မှာ အံ့ဩစရာအကောင်းဆုံးပဲ! တစ်ယောက်ယောက်က အရှက်မရှိတော့ရင် တော်တော်လေးကိုအစွန်းရောက်သွားတာပဲ"

"ဒါကဘာဖြစ်ခဲ့လဲဆိုတာပဲ"

ခုံးတကောကမျက်ရည်များဖြင့် ပြောလာ၏။

ဝမ်ရှို့မင်ကသူ့လက်ထဲမှ ဆေးတံကိုချကာထိုသူ့ကိုကြည့်ရင်း မငြင်းနိုင်အောင်ပြောလာ၏။

"လီမိသားစုရဲ့ကလေးလေးကို ပြုစုပျိုးထောင်ဖို့ မင်းဝန်လေးနေတာမဟုတ်ဘူးလား? အခုမှဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားတာလဲ?"

"ရွာသူကြီး စကားကိုကြည့်ပြောပါအုန်း!"

ခုံးတကောက နှာရှုံရင်းပြောလာခဲ့လေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူကကျွန်တော်ရဲ့တူလေ အခုသူ့မိဘတွေကသူ့ကိုမထိန်းသိမ်းပေးနိုင်သေးဘူး  ဦးလေးဖြစ်တဲ့ကျွန်တော်ကပဲ တာဝန်ယူပေးရမှာပေါ့ ခင်ဗျားကအမြဲခန့်မှန်းနေတော့တာပဲ! ကျွန်တော်ဒီကလေးကို အိမ်ခေါ်သွားပြီးသားအရင်းလိုမျိုး စောင့်ရှောက်ပေးမှာပါ"

ဝမ်တဟူမှာသူပြောသည်ကိုနားထောင်ရင်း မလှောင်ပြောင်မိဘဲမနေနိုင်တော့ချေ။

သူတို့ကဒီလောက်တောင်ကောင်းပေးနိုင်ပါ့မလား?
တစ်ပတ်မပြည့်ခင်မှာပဲ နှိပ်စက်ခံရလွန်းလို့သေသွားမှာတောင် ကြောက်ရတယ်!

"မင်းမိန်းမကရော ဒီအကြောင်းကိုသိလား?"

ဝမ်ရှို့မင်သည် ထိုနေ့ကနှုတ်သီးကောင်းလျှာပါးမိန်းမဖြစ်ခဲ့သော ယန်လီကိုမမေ့သေးပေ။

"အသုံးအဖြုန်းကြီးလွန်းတဲ့ မိန်းမတစ်ယောက်အနေနဲ့ သူ့မှာဘာပြန်ပြောခွင့်ရှိမှာလဲ?"

ခုံးတကောကထိုသို့ပြောလာသော်လည်း "သူ့မိန်းမနှင့်ကွာရှင်းတော့မည်" ဟူ၍မပြောခဲ့ပေ။

"ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ပတ်သက်ပြီးလီချင်းရန်ရဲ့ကိုယ်ပိုင်အတွေးအမြင်တွေကိုလည်း နားထောင်ပေးရအုန်းမယ်"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now