Chapter 11:ရတနာ

4.2K 681 12
                                    

(ကျောင်းသွားခြင်း)

ဝမ်တဟူသည် ထိုညတွင်အိပ်ရန်ပင်စိတ်လှုပ်ရှားနေခဲ့လေသည်။နောက်တစ်နေ့အစောပိုင်းတွင် သူသည် မစောင့်နိုင်တော့ဘဲ လီချင်းရန်၏အိမ်သို့ပြေးသွားခဲ့၏။

တံခါးနှင့်ပြတင်းပေါက်များကို သေသေချာချာပိတ်ပြီးနောက် လခြမ်းပုံသဏ္ဍာန်ရှိသည့်ကျောက်တုံးကိုထုတ်ယူပြီး ကြမ်းပြင်ပေါ်တင်ကာ ညာလက်မှတူလေးတချောင်းကို ကိုင်ရင်းညင်ညင်သာသာ ထုရိုက်တော့သည်။သူကအလွန်သတိထား၍ ထုရိုက်နေ၏။အကြိမ်အနည်းငယ်ထုပြီးနောက် သူကခွဲချင်နေသော်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားမည်ကိုစိုးထိတ်နေသလိုမျိုး ရပ်တန့်သွားတတ်၏။

သူက အကြိမ်တစ်ဒါဇင်လောက်ထုရိုက်နေခြင်းပင်!

"Kacha Kacha "ဟူသောအသံဖြင့် အက်ကွဲကြောင်းလေးများနှင့်အမှုန့်လေးများက ကျောက်တုံးပေါ်တွင်ပေါ်လာသည်ကို သူတို့မြင်လိုက်ရ၏။ထူထဲသော အပြင်ဘက်အလွှာသည် အခြားအရာတစ်ခုခုကို ရစ်ပတ်ထားသကဲ့သို့ အတွင်း၌မတူညီသောအဖြူရောင်လေးကို ယောင်ဝါးဝါးမြင်နိုင်လေသည်။

၎င်းကိုမြင်လိုက်ရသည်နှင့် သူ့မျက်လုံးများကပိုတောက်ပလာကာသူ့လက်က ပို၍ပင်သတိထားလာတော့သည်။လီချင်းရန်သည်လည်း သူ့အနားတွင် ရပ်ကာတူညီသောစိတ်အားထက်သန်မှုဖြင့် ကြည့်နေလေသည်။

"ရသွားပြီ!" 

ဆယ်မိနစ်အကြာတွင် ဝမ်တဟူသည်သူ့လက်ဖဝါးများထဲ၌တစ်စုံတစ်ရာကို စိတ်လှုပ်ရှားစွာဆုပ်ကိုင်ရင်းဝမ်းသာအားရ အော်လာတော့သည်။

လီချင်းရန်သည် ဝမ်တဟူ၏လက်ထဲတွင်ရှိသောအရာသည် သာမန်ကျောက်တုံးမဟုတ်သော်လည်း ထူးထူးခြားခြားလှပနေသည်ကိုသာမြင်လိုက်ရ၏။

"အစ်ကိုတဟူ အဲ့တာဘာလဲ?"

ဝမ်တဟူက ထူးဆန်းစွာရယ်မောလိုက်ပြီး

"မင်း မသိပါဘူး! ဒါကိုနဂါးကျောက်လို့ခေါ်ပြီး ရှေးခေတ်တော်ဝင်မိသားစုတွေက လက်ဆောင်ပစ္စည်းအဖြစ်သုံးခဲ့ကြတာ ဒါကပိုက်ဆံအများကြီးတန်တယ်လေ ကိုယ်တို့ရဲ့အနာဂတ်က ဒီအပေါ်မှာမူတည်နေတာ!"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now