Chapter 56:တက္ကသိုလ်

2.2K 376 16
                                    

တစ်လကျော်အကြာတွင် ဝမ်တဟူနှင့်လီချင်းရန်တို့သည် တက္ကသိုလ်Yနှင့်တက္ကသိုလ်Zတို့မှဝင်ခွင့်လက်ခံမှုများကိုရရှိခဲ့လေသည်။

တစ်မိသားစုလုံး ရွှင်မြူးနေကြ၏။

ကလေးနှစ်ယောက်လုံးတက္ကသိုလ်ဝင်ခွင့်ရရှိခဲ့ပြီး ပေကျင်း၌နေရမည်ဖြစ်သော်လည်း တဟူ၏မိဘများအတွက်တော့၎င်းက ကောင်းကင်မျှကြီးမားသောပျော်ရွှင်ဖွယ်အခိုက်အတန့်ပင်! ကျေးလက်ရှိအဘိုးနှင့်အဘွားတို့ဆိုလျှင် ပို၍ပင်ပြောစရာမလိုအပ်ပေ။တဟူ၏အဘိုးဆိုလျှင် စိတ်လှုပ်ရှားစွာပင်အော်ဟစ်ခဲ့သေး၏။

'ကောင်းကင်ဘုံကမြင်သွားပြီ ငါတို့မိသားစုမှာတက္ကသိုလ်ကျောင်းသားတစ်ယောက်ရှိနေပြီကွ!"

ပျော်ပွဲရွှင်ပွဲဆိုသည်ကိုလည်းရှောင်လွှဲမရနိုင်ပေ။တဟူ၏မိဘများသည် ခရိုင်အတွင်းရှိအကောင်းဆုံးစားသောက်ဆိုင်၌ စားပွဲခြောက်ဆယ့်ခြောက်လုံးယူထားပြီး ၎င်းတို့၏မိသားစုနှင့်နီးစပ်သူတိုင်းကို ဖိတ်ခေါ်ခဲ့၏။ဝမ်တဟူက "အကျဉ်းရုံး"သာလုပ်လိုကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့လေသည်။သို့သော် ရဲဘော်ကျန်းဖန်း၏ "ငါရဲ့တစ်ဘဝလုံးမှာ ဒီလိုကြီးကျယ်ခမ်းနားတဲ့မြင်ကွင်းမျိုးနဲ့သက်ဆိုင်ပါတော့မလားလို့ပူပန်နေခဲ့ရတာ!"ဟူသောစကားဖြင့်ချုပ်ကိုင်ခံရကာ လုံးဝကိုငြှိမ်းသက်သွားခဲ့ရ၏။

ဆူညံသော်လည်းအသက်ဝင်လှသည့်ဂုဏ်ပြုပွဲပြီးသည့်နောက်တွင် ဝမ်တဟူမှာအခြားသူများအကြောင်းကြားသိခဲ့ရလေသည်။အချို့ကဆက်လက်လေ့လာကြမည်ဖြစ်ပြီး အချို့မှာအလုပ်စလုပ်ရန်အဆင့်သင့်ဖြစ်နေကြလေပြီ။ယခုမှစ၍ လူတိုင်းသည်မတူညီသောဘဝလမ်းခရီးကို လျှောက်လှမ်းပေကြလိမ့်မည်။

သေချာပေါက်ပင် လေးလုံးသိုက်ဝမ်းပေါ်ကဲ့သို့ ချောမွေ့မှုမရှိသည့်သူများလည်း ရှိ၏။တက္ကသိုလ် ပ်ဝင်ခွင့်စာမေးပွဲမစမီရရှိခဲ့သော စိတ်ပိုင်းဆိုင်ရာဖိအားကြောင့်ဖြစ်နိုင်၏။သူသည်အမှတ်ကောင်းသော်လည်း လျှောက်လွှာကိုမဖြည့်နိုင်ခဲ့သောကြောင့် ကျောင်းသို့ပြန်ကာဤစာကိုသာထပ်၍လေ့လာရန်သာ ရွေးချယ်ခဲ့ရလေသည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now