Chapter 26:ရည်းစားစာ

3.7K 580 14
                                    

(ရည်းစားစာကြောင့်ဖြစ်ပေါ်လာသော မုန်တိုင်
တစ်ခု)

ဝမ်တဟူသည် ဤကဲ့သို့ဖြစ်ပျက်လာလိမ့်မည်ဟုမထင်ထားခဲ့မိပေ။

ယနေ့မနက် ကျောင်းတံခါးမှဝင်လိုက်သည်နှင့်တစ်စုံတစ်ယောက်က သူ့အားမရေရာသည့်မျက်လုံးများနှင့်စိုက်ကြည့်နေသည်ကို ခံစားလိုက်ရပြီး သူ့နောက်ကွယ်၌လည်း တိုးတိုးတိတ်တိတ်ဆွေးနွေးနေမှုများ အများအပြားရှိနေလေသည်။

မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူအပေါ်အောက် ငုံ့ကြည့်လိုက်သော်လည်း မည်သည့်အမှားအယွင်းမှရှိမနေပေ! သို့သော်မကြာမီတွင် သူ၏ "ချစ်လှစွာသော" အတန်းဖော်များက အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေကြသည်ကို သူသိလိုက်ရတော့သည်။

"မင်္ဂလာပါ အတန်းဖော်ဝမ်တဟူ ငါကနင့်ကို အချိန်အကြာကြီးကတည်းကသဘောကျနေတဲ့ ကောင်မလေးတစ်ယောက်ပါ ငါရဲ့နှလုံးသားထဲမှာနင့်ကို လေးလေးနက်နက်စွဲမှတ်ထားတာကြောင့် ငါ့စိတ်ထဲမှာလည်း တစ်ချိန်လုံးနင့်အကြောင်းတွေနဲ့ပဲပြည့်နေတယ် ငါနင့်ကိုအရမ်းသဘောကျတယ်......"

စင်မြင့်ပေါ်၌စွန်းတကျွမ်းသည် စိတ်လှုပ်ရှားမှုများဖြင့်အော်ဟစ်ရွတ်ဆိုနေခဲ့ပြီး အောက်မှတစ်တန်းလုံးသည် အံ့အားသင့်စွာဖြင့် တိတ်ဆိတ်စွာနားထောင်နေခဲ့ကြလေသည်။

ဝမ်တဟူကတစ်ချက်ကြည့်ရုံဖြင့် သူသည်မနေ့က စားပွဲခုံပေါ်ရှိရည်းစားစာကိုဖတ်နေကြောင်းသိသွားတော့သည်။

"Ya! မင်းဘာလုပ်တာလဲ!"

စွန်းတကျွမ်းသည်မြေပြင်ပေါ်သို့လဲကျသွားပြီး သူ့အားတွန်းလိုက်သောဝမ်တဟူကို ဒေါသတကြီးစိုက်ကြည့်နေတော့သည်။

စာကိုဆွဲယူရင်း ဝမ်တဟူကလှည့်ကာစိတ်လှုပ်ရှားစွာစောင့်နေကြသည့်လူများအား ကြည့်လိုက်လေသည်။

"သွားကြ သွားကြ ဘာကြားကောင်းတာများရှိလို့လဲ အားလုံးကမဆိုင်ပဲဝင်ရှုပ်တတ်တဲ့ အမျိုးသမီးတွေလား?"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now