Chapter 55:ကျောင်းကပွဲ

2.2K 381 11
                                    

(သူကငါ့အပိုင်)

"သူကကိုယ်တို့ရှေ့ကိုထပ်ပေါ်လာရဲတော့မှာမဟုတ်ဘူး!"

ဝမ်တဟူက မျက်နှာပျက်စွာဖြင့်လမ်းလျှောက်ထွက်သွားသောခုံးစွေ့ဖင်းကိုကြည့်ရင်းပြောလိုက်၏။

"ဘာလို့လဲ မင်းကဝန်လေးနေတာလား?"

လီချင်းရန်ကမျက်ခုံးပင့်လိုက်ကာ အန္တရာယ်အငွေ့အသက်များဖြင့်မေးလာ၏။

"ကိုယ်ကမီးရှုးမီးပန်းတွေပစ်ဖောက်ပြီးဂုဏ်ပြုချင်နေတာကို ဝန်လေးနေတယ်ဆိုတာကဘယ်လိုများဖြစ်နိုင်မှာတဲ့လဲ?"

ဝမ်တဟူကအရဲစွန့်ကာ သူ၏လက်ချောင်းသွယ်သွယ်လေးများကိုဖျစ်ညှစ်လိုက်၏။

"ယန်လီဒဏ်ခတ်ခံရတဲ့မြင်ကွင်းကိုကိုယ့်မျက်လုံးနဲ့တပ်အပ်မမြင်လိုက်ရတာက နည်းနည်းတော့စိတ်မကောင်းစရာပဲ"

"ကျောက်ဝမ်မရှိရင် သူ့မှာကြီးပြင်းအောင်စောင့်ရှောက်ဖို့ကလေးရှိသေးတယ် အနာဂတ်မှာဘဝက ခက်ခဲလိမ့်မယ် တစ်ခါတလေမှာလူတစ်ယောက်ကိုညှဉ်းပန်းနှိပ်စက်ဖို့က ချွန်ထက်တဲ့ဓားတွေမလိုအပ်ဘူး တုံးနေတဲ့ဓားနဲ့အသားကိုလှီးဖြတ်ခံရတာကပိုနာကျင်ရတယ်!"

"................"

"ဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ပါဘူး! နောက်ကျရင်မင်းစိတ်ပျက်သွားမယ့်ကိစ္စမျိုးတွေ ကိုယ်မလုပ်သင့်ဘူးလို့ခံစားရလို့ပါ"

"သိလာပြီဆိုတော့ကောင်းတယ်"

အချိန်များကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းနောက်ထပ်သုံးလကျော်ကြာသွားကာ နွေဦး၏ခြေရာများကတဖြည်းဖြည်းနီးကပ်လာ၏။ဝမ်တဟူမျှော်မှန်းထားသည့်အတိုင်း ခုံးစွေ့ဖင်းကသူတို့ဘဝထဲ၌ဘယ်တော့မှပေါ်မလာတော့။သူ့မိသားစုကအနည်းအကျဉ်း မတော်တဆထိခိုက်ခြင်းများအမြဲဖြစ်နေသဖြင့် အချိန်မီအလုပ်မဆင်းနိုင်ဘဲ အလုပ်မှလည်းထွက်ခဲ့ရလေသည်။ကျန့်ထောင်ကလည်းဤကိစ္စအတွက် အထူးပင်တောင်းပန်စကားဆိုခဲ့လေသည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now