Chapter 33:အိမ်မက်ဆိုး(5)

2.8K 511 29
                                    

(နာကျင်မှု)

ကောင်းကင်၌တိမ်မဲများ၊လျှပ်စီးလက်မှုများ၊မိုးခြိမ်းသံများနှင့်အတူ ကောင်းကင်ကြီးကပင်လူများ၏ဝမ်းနည်းမှုကိုခံစားမိသလို မိုးသည်းထန်စွာရွာနေတော့သည်။

ထို့နေ့ကဖြစ်ပျက်ခဲ့သမျှသည် ဝမ်တဟူ၏ မှတ်ဉာဏ်ထဲ၌တည်ငြိမ်နေတော့သည်။တစ်ခါတစ်ရံ လူတိုင်း၏မျက်နှာပေါ်ရှိနာကြည်းမှုများကိုမှတ်မိနိုင်လောက်အောင် ရှင်းရှင်းလင်းလင်းဖြစ်နေပြီး တစ်ခါတစ်ရံမှုန်ဝါးလွန်းသဖြင့် သူ့စိတ်များကထူးဆန်းစွာဗလာဖြစ်သွားခဲ့သလို။

မည်သို့ပင်ဖြစ်စေ ပြည်သူ့လုံခြုံရေးဗျူရို၏ ဂိတ်ပေါက်မှထွက်ခွာလာသောအခါတွင်မူ သူ့စိတ်များကသတိပြန်ဝင်လာခဲ့တော့သည်။တစ်စုံတစ်ယောက်သည် ပို၍သနားစရာကောင်းပြီးပို၍အဆင်မပြေဖြစ်နေကာ သူ့ထက်ပင်ပို၍စိတ်အားငယ်နေမှန်းသိသောကြောင့် သူကတော့ပြိုလဲသွား၍မရနိုင်ပေ။

လီချင်းရန်၏ အေးစက်နေသောလက်လေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ဝမ်တဟူသည်ပွန်းပဲ့နေသောနှုတ်ခမ်းထောင့်လေးကို ထိလိုက်ကာတိုးတိုးလေး မေးလိုက်၏။

"နာနေလား?"

လီချင်းရန်သည် စကားတစ်ခွန်းမှမပြောဘဲငြိမ်သက်စွာဖြင့်သာ သူ့အားကြည့်နေခဲ့၏။

တစ်လခွဲကျော်ကြာသည့်အခါ မည်သူကမျှမပြောကြတော့။

လီချင်းရန်သည် ထိုအချိန်တွင်ရှင်းယဲ့ရွာသို့ပြန်ရန် မသင့်တော်တော့သဖြင့် ၎င်းတို့နှစ်ဦးသည်အနီးရှိခရိုင်မြို့တွင် နေထိုင်ခဲ့ကြလေသည်။

ကျန်းဖန်းနှင့်ဝမ်ကွမ်ကျုံးသည်ဖြစ်ပျက်ခဲ့သမျှကို သိထားခဲ့ပြီးဖြစ်ကာ ကလေးနှစ်ယောက်၊အထူးသဖြင့်လီချင်းရန်အပေါ် သနားကာစာနာစိတ်အပြည့်ရှိနေ၏။ထိုကလေးကသူတို့အိမ်၌ နှစ်အတော်ကြာနေခဲ့ခြင်းသာ။သူက သူတို့၏ကိုယ်ပိုင်ကလေးလေးလိုပင်။သူကလုံလဝီရိယအပြည့်ဖြင့် ဉာဏ်ရည်ထက်မြက်လေသည်။ကျန်းဖန်းကထိုကလေးကို သူမ၏နှလုံးသားထဲမှနေ၍ သဘောကျမိ၏။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now