Chapter 3:စောင့်ရှောက်ပေးခြင်း

6.8K 930 25
                                    

("ဖော်ရွေသော" ဆက်ဆံရေးတစ်ခု၏အစ)

ဘယ်လောက်ပဲ တောင်းပန်၊ညစ်ပတ်အောင် ကစားနေပါစေ ဝမ်တဟူ၏အဘိုးက နောက်ဆုံးတော့သူ့ကိုလည်ပင်းကနေအိမ်ကို ဆွဲခေါ်သွားတော့၏။

အိမ်မှာစောင့်နေသည့် ဝမ်တဟူ၏အဘွားဟာမကြာခင်မှာ စိတ်ရှည်သည်းခံမှုမရှိတော့ဘဲအဘိုးနဲ့ မြေးဖြစ်သူ နောက်ဆုံးအိမ်ပြန်ရောက်လာသည်ကိုတွေ့လိုက်ရသဖြင့် အမြန်ထွက်လာခဲ့၏။

ဖက်ထုပ်အားလုံးကို အိုးထဲတွင်အပူပေးကာလူသုံးယောက် စကားစမြည်ပြောရင်းစားနေကြ၏။

"နောက်ဆုံးမှာ ဘာဖြစ်သွားလဲ?"

အဘွားက သူ့မြေးလေးထွက်သွားသည်မှာ ခဏသာဖြစ်သော်လည်း အားနည်းသည့်အသွင်အပြင်ဖြင့်ပြန်ရောက်လာခဲ့လေသည်။

"ဒီကလေးက တကယ်ကိုစပ်စုချင်နေတာပဲ ဟိုမှာ ဘာမှကောင်းတာမရှိတာကို သူကဆက်နေဖို့တောင်းဆိုနေသေးတယ်လေ"

ထိုအချိန်တွင် ဝမ်တဟူသည်လီချင်းရန်နှင့် ထပ်မံတွေ့ဆုံရန် အတွေးနက်နေသေးပြီးအသံတစ်ချက်မှထွက်မလာတော့။တစ်ချက်ကြည့်လိုက်လျှင် ငတုံးလေးတစ်ယောက်လိုပင်။

တစ်ဖက်မှာတော့ ဝမ်ရှို့မင်ကအနည်းငယ်သံသယဖြစ်နေလေသည်။ယနေ့ ဝမ်တဟူ၏လုပ်ရပ်များက အနည်းငယ် "သတ္တိကောင်းလွန်း"နေ၏။သူအပြင်ထွက်ပြီး တစ်ယောက်ယောက်ကိုရိုက်လိုက်ချိန်၌ ၎င်းဟာခြောက်နှစ်အရွယ် ကလေးတစ်ယောက်ဟုလုံးဝမထင်ရပေ။ရှင်းလင်းစွာဖြင့် ဒေါသကြီးသည့်သားရဲလေးတစ်ကောင်လိုပင်။

"ကျားပေါက်လေး မင်းလီမိသားစုရဲ့ကလေးကို သိလား?"

ဝမ်တဟူသည် သူ့အမေးကိုကြားပြီးနောက်ထိတ်လန့်သွားကာ နောက်ဆုံးတွင်သူ့အသိစိတ်အချို့ ပြန်လည်ရရှိလာခဲ့တော့သည်။

ဝကစ်နေသောမျက်နှာလေးသည် ချက်ချင်းပင် ဒေါသများဖြင့် ပြည့်နှက်လာပြီး သူ၏လက်သီးသေးသေးလေးကိုမြှောက်ကာ

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now