Chapter 64:ဓာတ်ပုံ

2K 363 22
                                    

ဝမ်တဟူ၏ဆုံးဖြတ်ချက် (2)

ဝမ်တဟူကဖုန်းနန်၏အိမ်၌သုံးရက်မျှပုန်းရှောင်နေခဲ့သော်လည်း ကျောင်းတက်ရန်လိုပြီးကျောင်းပျက်၍လည်းမရသဖြင့် ခုံးရှို့မေ့ထံမှဖမ်းမိသွားလေသည်။မတွေ့ရသည်မှာရက်အနည်းငယ်သာကြာသွားခြင်းဖြစ်သော်လည်း သူမမှာတစ်နှစ်မျှပို၍အသက်ကြီးသွားသလိုဖြစ်နေပြီး မျက်နှာ၌လည်းစိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နေ၏။

"တဟူ တဟူ ငါမင်းကိုတောင်းပန်ပါတယ် ရန်ရန်ဘယ်မှာလဲဆိုတာပြောပြပေးနိုင်မလား? ငါတောင်းပန်ပါတယ် ငါတောင်းပန်ပါတယ်!"

ခုံးရှို့မေ့မှာလူများစွာဝင်ထွက်နေ​သောကျောင်းဂိတ်ဝ၌ မြေပြင်ပေါ်ဒူးထောက်ကာ ဝမ်တဟူ၏ဘောင်းဘီရှည်ကိုဆုပ်ကိုင်ရင်း အဆုံးမရှိတောင်းဆိုနေတော့သည်။

သူ့ဘေးနားရှိဖုန်းနန်သည် ဤမြင်ကွင်းကိုအံ့အားသင့်စွာစိုက်ကြည့်နေကာ ဝမ်တဟူအားဘာဖြစ်နေတာလဲဟုမေးနေသကဲ့သို့ အံ့ဩနေသောမျက်လုံးဝိုင်းကြီးများဖြင့်ကြည့်နေခဲ့လေသည်။

ဝမ်တဟူ၏မျက်နှာကစိမ်းပြာသွားကာ နှုတ်ခမ်းကို ဖိရင်းဘာမှပြန်မပြောခဲ့ပေ။

ခုံးရှို့မေ့ကဆက်၍ငိုယိုကာ တောင်းဆိုနေ၏။စိတ်ဆင်းရဲနေသောအသံနှင့်ညှိုးငယ်နေသောမျက်နှာကြောင့် ဖြတ်သွားသောသူစိမ်းတစ်ယောက်ပင်လျှင် သူမကိုကိုယ်ချင်းစာမိပေလိမ့်မည်။

လူများကပိုများလာပြီးကြည့်ရှုရန်ပင်ရပ်တန့်လာကြသည်ကိုမြင်လိုက်ရသဖြင့် ဖုန်းနန်သည်အမျိုးသမီး၏လီချင်းရန်ဘယ်မှာလဲဟုခါးခါးသီးသီးမေးနေသည်ကိုထပ်ကြားလိုက်ရသောအခါ ခဏမျှနှုတ်ခမ်းကဟစိဟစိဖြစ်နေပြီးနောက် ပြောလိုက်တော့သည်။

"ကိုကိုချင်းရန်ကအမေရိကကိုသွားတယ် နောက်လကုန်တဲ့အထိသူပြန်လာနိုင်မှာမဟုတ်ဘူး!"

ထ်ုစကားကိုကြားလျှင် ခုံးရှို့မေ့ကငိုကြွေးနေရာမှရပ်တန့်သွားကာ ဖြူဖပ်ဖြူရော်ဖြစ်နေသောသူမ၏ပါးပြင်များကပို၍ပင်ပြာနှမ်းသွားလေတော့သည်။ကျောက်ကပ်သာအစားမထိုးနိုင်ပါက သူ့သမီးလေးအသက်ရှင်ရန်ရက်အနည်းသာကျန်တော့လေသည်။ထို့အပြင် တစ်ခုတည်းသောမျှော်လင့်ချက်မှာ ယခုအခါဝေးလွန်းလှသည့်အမေရိကသို့ရောက်နေ၏........

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now