Chapter 10:ခရီးထွက်ခြင်း

4.2K 714 38
                                    

(ငါ့မိန်းမကိုစျေးဝယ်ဖို့ခေါ်သွားခဲ့တယ်)

ဝမ်တဟူနှင့်လီချင်းရန်တို့ဟာ ဘယ်သူ့ကိုမှမပြောခဲ့ကြပေ။နောက်နေ့မနက်စောစော၌ သူတို့မြို့ကိုသွားသည့်လမ်းရှည်တွင် ဘတ်စ်ကားစီးခဲ့ကြ၏။

လီချင်းရန်သည် မည်သည့်နေရာမှဝေးဝေးမသွားဖူးသောကြောင့် ဖြစ်နိုင်လေသည်။သူက အနည်းငယ် စိတ်မသက်မသာဖြစ်နေ၏။ဝမ်တဟူသည် ထိုကောင်လေး၏ လက်လေးကိုဆုပ်ကိုင်ထားလိုက်သည်။တစ်လမ်းလုံး ပြတင်းပေါက်ကိုညွှန်ပြပြီး မရပ်မနားစကားပြောနေကာ ထိုကောင်လေးကိုအမြန်စိတ်သက်သာရာရစေပြီး သူ့မျက်နှာငယ်လေးပေါ်ရှိ ရှားရှားပါးပါးပျော်ရွှင်မှုပုံစံလေးကို ထုတ်ဖော်ပြသနိုင်အောင် ကူညီပေးနေခဲ့၏။

ဝမ်တဟူ၏နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေပြီး လီချင်းရန်အားအားပေးရန် ဒီနေရာသို့ခေါ်ဆောင်လာခြင်းသည် မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်သည်ဟု ထင်မြင်မိလေသည်!
ဝမ်တဟူသည်ထိုကောင်လေးကို "ကုန်ပဒေသာစတိုးဆိုင်ကြီး" ဆီသို့ တန်းတန်းမတ်မတ်ခေါ်သွားခဲ့၏။

ကုန်တိုက်သည် မြို့လယ်ရှိလူစည်ကားသော လမ်းများကြားတွင်တည်ရှိလေသည်။နန်ဟွားစီရင်စုသည် လိုအပ်သမျှအားလုံးကိုအကြီးကျယ်ဆုံးစုဆောင်းရောင်းချပေးတတ်သည်ဟု အဆိုရှိသောကြောင့်အလွန်စည်ကားနေလျက်ရှိ၏။ဝမ်တဟူတို့နှစ်ယောက်မှာ လူစုလူဝေးထဲတွင်ဖျစ်ညှစ်ခံထားရသည့် အရိုးပျော့ငါးလေးနှစ်ကောင်နှင့်ပင် တူနေတော့သည်။

ယဉ်ကျေးမှုနှင့်ပညာရေးဆိုင်ရာပစ္စည်းများ ရောင်းချသည့် ရုံငယ်လေးထံသို့သွားခဲ့ကြ၏။ကောင်တာဘေးရှိမှန်ဗီရိုကြီးတွင် စာရေးကိရိယာမျိုးစုံကိုပြသထားလေသည်။လူနှစ်ဦးသည် နောက်ဆုံးတွင်တရုတ်ခဲတံနှစ်ဆယ်၊အဖြူရောင်ရော်ဘာခဲဖျက်လေးခု၊ တရုတ်စာလေ့ကျင့်သည့်လေးထောင့်ကွက်စက္ကူ[1]၊ စွန့်ချောင်စက္ကူ[2] အပါအဝင် ခဲတံအိတ်များ၊ ခဲတံချွန်စက်များ၊ ပေတံများနှင့် အခြားအရာဝတ္ထုများကို ဆုံးဖြတ်ကာဝယ်ယူခဲ့ကြ၏။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Wo Geschichten leben. Entdecke jetzt