Chapter 67:တွေ့ရှိသွားခြင်း

2.2K 389 20
                                    

(နည်းနည်းလေးတောင်မနာဘူး)

"စီနီယာလီ စီနီယာလီ...."

လီကျင်းချန်သည် ရုတ်တရက်သတိပြန်ဝင်လာပြီး သူ့ရှေ့တွင်ရပ်နေသောကောင်လေးကိုကြည့်ရန် ခေါင်းကိုမော့လိုက်ရာ သူနှင့်တူညီသောသုတေသနအဖွဲ့မှဂျူနီယာဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

"စီနီယာလီ ကျွန်တော်ဒီမှာထိုင်လို့ရမလား?"

လီချင်းရန်ကဂရုမစိုက်သောအမူအယာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ကောင်လေးကစိတ်လှုပ်ရှားနေသောအမူအယာဖြင့် လက်ထဲမှနေ့လည်စာဗန်းကိုချကာ လီချင်းရန်အားပြောလာလေသည်။

"စီနီယာလီနဲ့နေ့လည်စာအတူစားရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး အဖွဲ့ထဲကအခြားသူတွေတွေ့ရင် သေချာပေါက်ကိုမနာလိုဖြစ်ပြီး အံကြိတ်နေကြမှာ!"

ထိုစကားကိုကြားလျှင် လီချင်းရန်ကအနည်းငယ်မျှသာပြုံးလိုက်ပြီး ကြည့်ရသည်မှာမထူးခြားအေးစက်သောပုံစံရှိနေသည့်တိုင် သူ့ခေါင်းထဲ၌ပြေးလွှားကာစဉ်းစားနေလေသည့်အတွေးတစ်ခုကရှိလေသည်:၎င်းမှာ တစ်ဖက်လူ၏အမည်ကဘာလဲဆိုသည်သာ။

ထိုကောင်လေးမှာစကားပြောရသည်အားအလွန်နှစ်သက်ပြီး လီချင်းရန်ကသူ့အားဂရုမစိုက်သည့်တိုင် သူကတော့စကားစမြည်ပြောနေဆဲ။

သူစကားပြောနေစဉ် သူ့လက်ကိုင်ဖုန်းကမြည်လာလေသည်။

လီချင်းရန်သည် နောက်ဆုံးတွင်သက်ပြင်းချကာ စားသောက်ခြင်းကိုအရှိန်မြှင့်လိုက်လေသည်။

"—ဘာ???"

ဖုန်း၏အခြားတစ်ဖက်မှ မည်သည်တို့ကိုပြောနေမှန်းမသိရသော်လည်း ထိုကောင်လေးကတော့ ရုတ်တရက်စိတ်လှုပ်ရှားသွားပြီး သူ့ရဲ့ဘယ်လက်သီးကပင် စားပွဲပေါ်သို့ရောက်လာတော့သည်။

လီချင်းရန်၏ပန်းကန်ထဲမှ ကြက်ဥနှင့်အသီးအရွက်ဟင်းချိုမှာ အများကြီးဖိတ်ကျသွားလေသည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now