Part☁3(U)

3.4K 195 6
                                        

ဈေးထဲရောက်တော့ လူပင်အတော်စုံနေပြီ။နေရောင်ခြည်ကလဲ ဖြာကျနေသလို၊ဈေးဝယ်သူတွေလဲ ရှုပ်ယှက်ခပ်နေ၏။ကျွန်တော်အရင်ဆုံးကြက်သားတန်းကို သွားလိုက်မိသည်။ဈေးမကွဲသေးဘူးဆိုရင်တော့ အသားကောင်းလေးများများဝယ်ထားပြီးရေခဲသေတ္တာထဲထည့်ထားရမည်။မဟုတ်ရင်အခြောက်ကြော်ကာ ဘူးတွေထဲထည့်ထားရမည်။

"အစ္မ..ဘယ်ဈေးလဲ ဗမာကြက်က."

လက်ကောက်တွေတံတောင်ဆစ်လောက်အထိရောက်အောင်ဝတ်ထားတဲ့ ကြက်သားသည်အမျိုးသမီးကြီးက ကျွန်တော့်ရှေ့က အန်တီနဲ့ဈေးညှိနေကြသည်။အသားတွေက သိပ်လတ်တာလဲမဟုတ်ဘဲ ဈေးကိုအဆမတန်တင်ထားတာကြောင့် ကျွန်တော်ထိုနားက မခွာသေးဘဲ အခြေနေကို အကဲခတ်နေမိသည်။ထိုအန်တီကလဲ ဈေးတစ်ခါမှ မဝယ်ဖူးတဲ့ပုံပင်။လက်ဆွဲခြင်းထဲမှာလဲ ဘာမှဝယ်ထားတာမရှိသေးပေ။တခြားအိမ်ထောင်သည်အမျိုးသမီးတွေဆို ဈေးထဲရောက်တာနဲ့ ဘာပြီးဘာဝယ်မယ်ဆိုပြီးပလန်တွေချပြီးသားပင်။ထိုအန်တီကတော့ ကြက်သားအစိမ်းကို ကိုင်ရမှာတောင် တို့ကနန်း၊ဆိတ်ကနန်းနှင့်ပင်။

"မလျှော့တော့ဘူးလား အစ်မ။ကျွန်မက တစ်ကောင်လုံးယူမှာပါ.."

"လျှော့မရလို့ပါညီမလေးရယ်။အစ်မတို့က အရင်းဈေးအတိုင်းရောင်းပေးနေတာ။သိပ်ပြီးတော့ အမြတ်ကျန်တာမဟုတ်ဘူး။ကြက်သားတွေလတ်တယ်ဟေ့..လတ်တယ်။တစ်ခါတည်းကိုင်ပေးလိုက်ရမလား ညီမေလး."

"ဟုတ်ကဲ့အစ်မ။အသားတွေပါ တုန်းပေးလိုက်ပါ။ဒီအကောင်လေးပေးနော်.."

ထိုအန္တီက အကောင်ခပ်ကြီးကြီး၊အမွှေးနှုတ်ထားတဲ့တစ်ကောင်ကို လက်ညှိုးထိုးပြနေသည်။သေချာပါတယ်။တစ်ခါမှဈေးမဝယ်ဖူးဘူးဆိုတာ သိသာလွန်းနေပါတယ်။ဈေးရောင်းတဲ့သူတွေကလဲ ရွှေကဲခတ်သာညံ့ချင်ညံ့လိမ့်မည်။ဈေးမဝယ်တတ်တဲ့သူဆိုရင်တော့ ညှပ်ချဖို့လောက်ကိုသာ တွေးတောနေကြခြင်း။မကျန်တဲ့အမြတ်တွေက လက်ကောက်တွေကို သက်သေထားခြင်းဖြင့်သိသာနိုင်၏။

(A/N အမြင်ကိုရေးခြင်းသာဖြစ်ပါတယ်ခင်ဗျ။တိုက်ခိုက်လိုစိတ်ဖြင့်ရေးသားခြင်းမဟုတ်ရပါ)

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now