Part🌵27(U)

1.6K 104 8
                                        

"ကျေးဇူးပါဆရာလေးရယ်..တကူးတကကြီးလာပို့ရတယ်လို့။အားနာစရာကောင်းအောင်.."

တက္ကသိုလ်ဝင်တန်းတွေစာ​ဖြေဆိုပြီးတာ နှစ်ရက်ခန့်တောင်ရှိပြီ။ကြယ်တာရာဆွေးတို့အိမ်ကို မရောက်တာဆိုရင်လဲ နှစ်ရက်ရှိပြီပေါ့။သံယောဇဥ်ဆိုတဲ့အရာက ပူလောင်တာကိုသိလို့ ဘယ်သူ့အပေါ်မှာမှ သံယောဇဥ်မတွယ်မိအောင်နေခဲ့ပေမယ့် ဘာမှမကြာလိုက်တဲ့အချိန်လေးတွေက ဒီကောင်လေးအပေါ်သံယောဇဥ်တွယ်အောင်လုပ်ခဲ့ပြီ။နောက်စာသင်နှစ်အတွက်စာသင်ဖို့ကိစ္စတွေဆွေးနွေးနေရသေးတာကြောင့် အိမ်ပြန်ဖို့ရက်ကိုလဲရွှေ့ထားရသည်။အလုပ်တွေကြားထဲ စိတ်နှစ်ထားပေမယ့် ဒီကောင်လေးကိုလွမ်းတဲ့စိတ်က ဘယ်လိုမှထိန်းလို့မရခဲ့ပေ။

"ဟုတ်တယ်အန်တီ။ခုရက်ပိုင်းအတွင်းရွာပြန်မှာဆိုတော့ အန်တီတို့အတွက်ဆိုပြီး အိမ်ကိုလှမ်းမှာလိုက်တာ။နွားနို့လတ်လတ်ဆတ်ဆတ်ပဲအန်တီ။ခုနေ့သာ ကြိုသောက်လိုက်တော့။ဒါနဲ့အရိပ်အယောင်တောင်မမြင်ပါလား အန်တီ။အိမ်မှာရောရှိရဲ့လား...."

အန်တီတို့နဲ့စကားထိုင်ပြောနေရင်း ကြယ်တာရာဆွေးနဲ့တူတဲ့ အရိပ်အရောင်ကိုတောင်မမြင်တာကြောင့်မေးလိုက်မိခြင်းဖြစ်သည်။

"ရှိတယ်ဆရာလေးရဲ့။သူ စာမေးပွဲနောက်ဆုံးနေ့တည်းကနေမကောင်းဖြစ်နေတာလေ..ဆရာလေးကိုမပြောဘူးလား.။ရော့ ညီမလေးမိုး သားလဲသောက်လို့ရအောင် ကြိုလိုက်တော့."

သူနေမကောင်းဘူးလို့ပြောခဲ့တဲ့စကားကို အမှုမဲ့အမှတ်မဲ့နေခဲ့လိုက်တာ အိပ်ရာထဲကမထနိုင်လောက်တဲ့အထိဖြစ်သွားမယ်လို့တော့မထင်ခဲ့မိ။အိမ်က ပို့လိုက်တဲ့ပစ္စည်းတွေကိုလာပို့ပြီးလွမ်းတဲ့စိတ်ကို ဖြေဖျောက်ဖို့ကုန်ကြမ်းတွေဆိုရင်လဲ မမှားပါလေ။

"ကျွန်တော်တက်ကြည့်လိုက်အုံးမယ်ဒါဆို.."

"သွားကြည့်ဆရာလေး..ကျွန်မလဲခုနေ့အလုပ်ပါးတော့ ရုံးမသွားတော့ဘူး။မိုးကိုပဲ မီးဖိုထဲမှာကူလိုက်တော့မယ်။ဆရာလေးအေးဆေးပဲဆိုရင် ထမင်းစားပြီးမှပြန်နော်..."

"ဟုတ်ကဲ့.."

ပူလောင်တတ်တဲ့အရာတွေကို ကျွန်တော့်ဘဝထဲဝင်လာခိုင်းလို့မဖြစ်ပါဘူး။ပြီးတော့ ဒီကောင်လေးအပေါ်မှာ ကျွန်တော်မမျှော်လင့်ချင်ဘူး။လူ့စိတ်ဆိုတာအမြဲပြောင်းလဲနေတတ်တာ၊ပြီးတော့ဒီကောင်လေးက ကျွန်တော်ထက်သုံးနှစ်လောက်ငယ်တဲ့အရွယ်။ဘယ်လိုပဲ လူကြီးဆန်ဆန်တွေးခေါ်တတ်တယ်ပြောပြော သူက ကလေးအရွယ်ဆိုတော့ ​ပြောင်းလဲကောင်းပြောင်းလဲနိုင်တယ်။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedOpowieści tętniące życiem. Odkryj je teraz