Part🌵24(U)

1.3K 101 6
                                    

မျက်စိတစ်ဆုံး နေကြာခင်းတွေ၊စိုက်ပျိုးထားတဲ့ပဲပင်တန်းတွေကိုရထားလမ်းတစ်လျှောက်မြင်ခဲ့ရသလို၊လူနေအိမ်တန်းတွေနဲ့ တစ်မြို့ဝင်တစ်မြို့ထွက် ဖြတ်ကျော်ခဲ့ရသည်။အနိစ္စတရားဆိုတာ လူတွေရဲ့လက်တစ်ကမ်းမှာ ရှိနေတတ်တာကြောင့် ကြိုမတွေးထားရင်မှားလိမ့်မည်။သေသွားခဲ့ရင်ဘာတွေဆက်ဖြစ်မလဲဆိုတဲ့ မရေမရာအတွေးတွေကလဲ ​ခေါင်းထဲမှာအပြည့်။

မငိုချင်တော့ဘူးဆိုတာထက် ကျွန်တော်ဆက်ပြီးမငိုနိူင်တော့တာ။မျက်လုံးတွေကျိန်းစက်နေသလို နှစ်ညဆက်လောက်အိပ်ရေးပျက်ထားတာကြောင့် ရင်ထဲမှာဟာနေသလိုကျွန်တော်ချစ်ရတဲ့သူတစ်ယောက်ဘေးနားကထွက်သွားပြန်ပြီဆိုတဲ့ စိတ်ကမပျော်ရွှင်မှုတွေကို မွေးဖွားပေးနေပြန်တယ်။

ရန်ကုန်ဘူတာကြီးကိုရောက်တော့ နေ့လည်ခင်းလောက်ဖြစ်သည်။ကုန်ရောင်းကုန်ဝယ်လုပ်တဲ့သူတွေ၊ပစ္စည်းအတင်ချလုပ်နေတဲ့သူတွေ၊ခရီးသွားဧည့်သည်တွေများပြားလှသည်။အဖွားမသက်သာဘူးဆိုတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြန်သွားခဲ့တာ၊ပြန်လာတော့လဲ အိတ်လေးတစ်လုံးသာပါလာခဲ့သည်။အိမ်ကထုပ်ပေးလိုက်တဲ့ ဟင်းတွေနဲ့အဝတ်စားတစ်စုံသာပါလာ၏။

ရထားရပ်ခါနီးပြီမလို့ သြသြောဆွဲတဲ့အသံရှည်ကြီးကို ကြားလိုက်သလို၊ဆင်းဖို့အတွက် တံခါးဝမှာရပ်နေလိုက်သည်။ကျွန်တော့်နောက်မှာတစ်တန်းကြီးဆင်းဖို့စောင့်နေတဲ့သူတွေကိုပါမြင်ရတော့ မြန်မာနိုင်ငံရဲ့လူဦးရေအကုန်လုံးပဲ ရန်ကုန်မြို့ကိုရောက်နေလားဆိုပြီးတွေးမိသွားရတဲ့အထိပင်။

"ဆရာအကိုကြီး..ကျွန်တော်ဒီမှာ.."

ဆက်ကနဲတုန်သွားလောက်တဲ့အထိ ဒီအသုံးလေးက ကျွန်တော့်ကိုပြုစားနိုင်လွန်းတယ်တဲ့လား။မထင်မှတ်ဘဲ ပြုံးလိုက်မိတဲ့အထိလေ..

ဒီလိုနာမ်စားကိုခေါ်တဲ့သူဆို တစ်ယောက်တည်းသောသူပဲရှိတာကြောင့် မျက်စိကစားလိုက်သည်။သူ့စတိုင်လေးအတိုင်းမဟုတိဘဲခုနေ့တော့ ရှပ်အဖြူရောင်ကွက်လေးနဲ့ပုဆိုးအနက်လေးကိုတွဲဝတ်ထားသည်။လူကြီးဆန်ဆန်လေးနဲ့ချောနေတဲ့ကောင်လေးက ကျွန်တော့်ကို လက်လှမ်းပြရင်းပြုံးပြနေသေးသည်။ကျွန်တော့်ရင်ထဲက ဝမ်းနည်းမှုတွေလဲ တစ်စိတ်တစ်ဒေသ လျော့ကျသွားသလိုပင်။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedHikayelerin yaşadığı yer. Şimdi keşfedin