Part☁10(U)

2.3K 147 1
                                        

"မနက်ဖြန် ရူပအခန်းတစ်က Definitionsတွေ အကုန်အလွတ်ရေးမယ်နော်။.."

နာရီကိုကြည့်လိုက်တော့ ခြောက်နာရီထိုးခါနီးနေပြီမလို့ မနက်ဖြန်ကြည့်ရမယ့်စာကို အိမ်စာပေးလိုက်သည်။ညမွှေးပန်းပင်က ခြံထဲမှာစိုက်ထားတာထင်ပါသည်။ညရဲ့အမှောင်ထုဝင်ရောက်လာနီးတာနဲ့ အီလည်လည်အနံ့ကိုလေသင့်တိုင်းရနေသည်။စာလုံးပေါင်းတွေရော၊Grammar Revisionတွေပါ တစ်လုံးမမှားပဲ အကုန်မှန်တာကြောင့် ချီးကျူးချင်တဲ့စိတ်ကို မြိုချထားလိုက်သည်။ဒီကောင်လေးကို စာသင်ရတာ သက်သာလှသည်။ဘယ်အပုဒ်ကိုတော့ ဘယ်လိုလေး၊မေးခွန်းက ဘယ်လိုလှည့်ထားတယ်ဆိုတာအထိ ပြောပြလိုက်ရုံနဲ့ စေ့စေ့စပ်စပ်တွေးကာ ဖြေတတ်သည်။
နှစ်ချင်းပေါက်အောင်နိုင်သလို ဂုဏ်ထူးမှတ်ထိပါ ကျုံးနိုင်တဲ့အနေအထားဖြစ်တာကြောင့် အထင်မြင်သေးပြောဆိုခဲ့တဲ့စကားတွေကို နောင်တပင်ရချင်သလိုလို။

"ဟုတ်ကဲ့။အချိန်ရရင် ဓာတုနဲ့ဇီဝတွေပါ ထပ်ကျက်လိုက်ပါ့မယ်.."

"အေး.ကောင်းတယ်။စာပေးတာ အရမ်းများနေမှာဆိုးလို့ နဲနဲလျှော့လိုက်တာ။ကျောင်းသားတွေရဲ့အကျင့်ကို သိတယ်လေ။ရှေ့တင်မှာကျ စာတွေရသလိုနားလည်သလိုနဲ့ အိမ်စာတွေများရင် ပြောလို့မဆုံးနိုင်လောင်အောင်ပဲ။အဲ့ဒါကြောင့် ချင့်ချိန်ပြီးပေးရတာ။များများကျက်နိုင်လေ ကောင်းလေပဲ"

"ဟုတ်ကဲ့ခင်ဗျ.."

ပုံနှိပ်စာအုပ်နဲ့ဖုန်းကို အိတ်အဖြူလေးထဲ ပြန်ထည့်ရင်း နောက်ဆက်တွဲစာလုပ်ဖို့အကြောင်းတွေကိုပြောပြဖြစ်သည်။ကျွန်တော်စကားတစ်ခွန်းပြောတိုင်း သက်ပြင်းတစ်ခါချတတ်တဲ့ကောင်လေးကို မျက်စောင်းထိုးမိတာလဲ အကြိမ်ကြိမ်။မသိရင် သူစာလုပ်နေတာကိုပဲ ကျွန်တော်က နှောင့်ယှက်နေသလိုလို။

"ခုနေ့တော့ ခြောက်နာရီမထိုးခင်ဖြုတ်ပေးလိုက်မယ်။အော်..ဒါနဲ့ ထမင်းဆိုင်က လမ်းထိပ်ကိုပဲသွားဝယ်မှာမလား။."

"ဟမ်..ကျွန်တော်ထမင်းဆိုင်သွားမှာ ဆရာအကိုကြီးက ဘယ်လိုသိတာလဲ.."

"အန်တီပြောသွားတာလေ။သူအိမ်ပြန်နောက်ကျမှာမလို့ မင်းကိုစောစောဖြုတ်ဖို့ရော။အိမ်မှာထမင်းမရှိဘူးဆိုတာရော မှာခဲ့လို့ ငါသိနေတာ။."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedМесто, где живут истории. Откройте их для себя