Part☁️14(U)

1.5K 111 4
                                    

"ဒါဆို ကျွန်မစာရင်းတွေတစ်ချက်ပြန်ကြည့်လိုက်မယ် ကိုစိုးနိူင်။ခုကိစ္စက ရာနဲ့ချီပြီးစာရင်းကွာနေတာတော့မဟုတ်သေးဘူးလေ.."

"......."

"စိတ်ချပါ။ကျွန်မကိုယ်တိုင် မနက်ဖြန်လာခဲ့မှာ။ဘာမှစီစဉ်မထားနဲ့ ကိုစိုးနိုင်။ကျွန်မ ခရီးစဉ်တစ်ခုရှိသေးတယ်။အသွားမှာ ဝင်လာမှာပါ"

ကျွန်တော်အိမ်အောက်ဆင်းလာတော့ အန်တီက ဧည့်ခန်းထဲမှာ စာရင်းစာအုပ်တွေကို လှန်လှောကြည့်နေရင်းဖုန်းပြောနေ၏။ဧည့်ခန်းနဲ့ နီးစပ်ရာစားပွဲတွေမှာ ဆေးထည့်ဖို့ပစ္စည်းတွေရှာပေမယ့် မတွေ့တာကြောင့် တော်တော်လေးခေါင်းစားရသည်။အိမ်ပေါ်ကတစ်ယောက်ကလဲ မြန်မြန်ပြန်လာခဲ့လို့မှာလိုက်တာကြောင့် ကျွန်တော်အလျင်လိုနေတာ ဖြစ်မှာပါ။

"အော်..ဆရာလေး။ဘာယူမလို့လဲရှင့်.."

ဖုန်းပြောလို့ ပြီးသွားပေမယ့် အလုပ်တွေမပြီးသေးတဲ့ပုံပင်။စာရွက်တွေကိုလှန်ရင်း စာရင်းတွေကို အသေးစိတ်ရှာနေတာကြောင့် ကျွန်တော်လဲ ကူစရာရှိလိုရှိငြား သွားထိုင်နေလိုက်သည်။အပေါ်ပြန်တက်ချင်စိတ်ရှိပေမယ့် မျက်နှာပူနေတာကြောင့်။

"ဆေးထည့်ဖို့ လာယူတာ အန်တီ။ကျွန်တော် ဘာကူပေးရအုံးမယ်.."

"ရတယ်ဆရာလေး။ကျွန်မ စာရင်းစစ်လိုက်ရုံပါပဲ။နယ်ဘက်က ဂိုထောင်တစ်ခုမှာ ပဲစားရင်းတွေက ရာနဲ့ချီပြီးကွာနေလို့ဖုန်းပြောတာနဲ့ အိမ်ပေါ်တက်မလာဖြစ်တာ။ခုရက်ပိုင်း အလုပ်ရှုပ်နေမှ သားကလဲ ဆိုင်ကယ်မှောက်ရတယ်လို့။ကျွန်မတော့ စိတ်ညစ်ပါတယ်ဆရာလေးရယ်။အလုပ်ကိစ္စနဲ့ ခရီးထွက်ဖို့ကလဲရှိနေသေးတယ်။မိုးကလဲ ခုထိပြန်မလာသေးတော့ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး။ဆရာလေးကိုလဲ ကျွန်မအရမ်းအားနာတာပဲ.."

"အားမနာပါနဲ့ အန်တီရယ်။တစ်ခုခုဆိုရင် ကျွန်တော်ပဲရှိတာမလား။ခုတစ်ညတော့ ကျွန်တော်ဒီမှာပဲ အိပ်လိုက်မယ်နော် အန်တှ။ဖြစ်တယ်မလား ခင်ဗျ.."

"ဖြစ်တာပေါ့ဆရာလေးရယ်။ကျွန်မတော့ သားကို ဆရာလေးနဲ့စိတ်ချပါတယ်။.."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedDonde viven las historias. Descúbrelo ahora