ကျွန်တော့်ကိုမွေးတုန်းက ချက်ကြိုးကို မေမေတို့ မီးဖိုချောင်ထဲမှာ မြှုပ်ခဲ့သလားလို့ထင်မှတ်ရလောက်အောင် ဟင်းချက်ခြင်းအမှုက ကျွန်တော်နဲ့ကံပါလွန်းသည်။သုံးဆယ်သားဝယ်လာတဲ့ထဲက အနည်းငယ်ကိုကြော်ကာ ဟိုကောင်လေးနေ့လည်စာစားဖို့ပြင်ပေးထားရသည်။ဈေးသွားလိုက်တာကြောင့် ခုနေ့အိမ်ကိုမပြန်ဖြစ်။ကောင်းကောင်းတို့ မနက်စာဘာစားကြမလဲဆိုပြီးတွေးမိပေမယ့်စိတ်တော့မပူဖြစ်ပါ။ဒီကောင်လေးနဲ့ယှဉ်ရင် ကောင်းကောင်းတို့က အရွယ်ရောက်ပြီးသားလူတွေ။ကြက်ဥလောက်တော့ ဖြောင့်အောင်ကြော်တတ်တဲ့သူတွေပင်။
ခပ်ကြီးကြီးတုန်းထားတဲ့အသားတွေကို အနေတော်အရွယ်ပြန်တုံးလိုက်ရင်း ရေဆေးလိုက်ကာ ရေခဲသေတ္တာထဲထည့်လိုက်သည်။တိုင်ကပ်နာရီက ရှစ်နာရီခွဲဖို့ညွှန်ပြနေတာကြောင့် ခပ်သွက်သွက်ကြက်သားကြော်ရပေအုံးမည်။မီးမပျက်တာတစ်ခုကိုပဲ ကျေးဇူးတင်ရမည်။ဝယ်လာသမျှအသီးအရွက်တွေကိုလဲ မထွင်နိုင်သေးဘဲရေခဲသေတ္တာထဲမှာသာ စုထည့်ထားလိုက်သည်။ဟိုကောင်လေး စားချင်တဲ့ကြက်ခပတ်ကိုလဲ ခုညနေတော့ ချက်ကျွေးနိုင်မှာပါ။အိမ်မပြန်ဖြစ်တဲ့အကြောင်း ကောင်းကောင်းကို စာပို့လိုက်ကာ အိမ်ပေါ်တက်သွားတဲ့ကောင်လေးကို လှမ်းခေါ်ရသည်။သူ့ဒဏ်ရာတွေသက်သာသွားတာကိုလဲ ကျေးဇူးတင်ရအုံးမည်။မဟုတ်ရင် ကျွန်တော်ဒီထက်ပိုပြီးပင်ပန်းရမှာ။
"ကြယ်တာရာဆွေး..မနက်စာစားတော့လေ။ဆင်းခဲ့တော့.."
လာပြီဆိုတဲ့အသံကိုကြားလိုက်ရပြီး ခနလောက်နေတော့ ရှော့ပင်အတိုနဲ့တီရှပ်တစ်ထည်ဝတ်ထားတဲ့ကောင်လေးက ဆင်းလာသည်။
"ညနေပြန်လာမှ မင်းစားချင်တာကို သေချာချက်ပေးတော့မယ်။ငါ့မှာအချိန်မရတော့လို့ မနက်စာကိုတော့ ကော်ဖီပဲသောက်လိုက်တော့နော်။ပေါင်မုန့်လဲ မီးမကင်လိုက်ရဘူး။ရေခဲသေတ္တာထဲမှာ ကိတ်မုန့်တော့တွေ့တယ် ငါလှီးပေးရမလား.."
"အာ..အဲ့ကိတ်မုန့်က ကျွန်တော့်ဟာမှမဟုတ်တာ။ပိုင်ရှင်ရှိတယ်။သူ့ကိုပေးရမှာ.."
"ဟင်..ဟုတ်လား။ဒါဆို ကော်ဖီတစ်ခွက်နဲ့မင်းဝပါ့မလား။ကြက်သားကြော်တော့ရှိတယ်။ထမင်းစားချင်လား.."
ВЫ ЧИТАЕТЕ
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed