"ကိုကို ခုညနေ ဘေဘီနဲ့တွေ့ရအောင်." ဆိုတဲ့ကောင်မလေးရဲ့ စကားကြောင့် ကျွန်တော်ခုညနေအိမ်ကိုတန်းမပြန်သေးဘဲ လမ်းထိပ်ကိုသာထွက်လာခဲ့လိုက်သည်။ကိုယ့်ထက်ငယ်တဲ့ကောင်မလေးနဲ့တွဲပြီး ကိုယ့်ကိုပဲအလျော့ပေးနေတာကိုတော့ သိပ်တော့သဘောမကျပေမယ့်ကျေနပ်သလိုရှိလှသည်။အလွမ်းအပေါ်သည်းခံပြီး ပေါင်းသင်းနေရသမျှက ဘေဘီ့အပေါ်ကိုဆို ဒေါသတွေပဲ ဖြစ်သွားတတ်သည်။တွေ့မယ်ဆိုပြီးသာ ချိန်းလိုက်ရတာ။မယ်မင်းကြီးမက ဘာတွေရစ်အုံးမယ်မသိပေ။
"ကိုကို..ဘာတွေတွေးနေတာလဲ။ဘေဘီရောက်နေတာတောင် မသိဘူး.."
ကျွန်တော့်အနားမှာလာရပ်နေတဲ့ လူရိပ်ကိုသတိထားမိပေမယ့် ဒီလောက်မြန်မြန်ရောက်လာမယ်ဆိုတာ မသိတာကြောင့် လှည့်မကြည့်ဖြစ်ခဲ့ခြင်း။ဂျင်းပန်အကျပ်နဲ့ တီရှပ်အတိုလေးကို ဝတ်ကာ ပေါ့ပေါ့ပါးပါးနဲ့လှပေနေတဲ့ ဘေဘီက စွဲဆောင်မှုရှိလှသည်။လေတိုက်တိုင်းလွင့်နေတဲ့ သူမရဲ့ဆံပင်စလေးတွေကလဲ နက်မှောင်နေပြန်သေးသည်။နေဝင်ခါနီးအချိန်ညနေခင်းလေးမှာ ဒီလိုလှပတဲ့မိန်းကလေးနဲ့အတူရှိနေခွင့်က ဘယ်လောက်ကံကောင်းလိုက်ပါသလဲ။
"အရမ်းလှတယ်ကွာ.."
ကျွန်တော်က သူမရဲ့ဆံပင်စလေးတွေကို သပ်တင်ပေးရင်းဆိုမိတော့ ကျေနပ်နေတဲ့အပြုံးလေးနဲ့ ရွှန်းဝေနေအောင်ကြည့်နေ၏။
"ခုမှသိတာလား ကိုကိုက။ကြည့်ပါအုံးမျက်နှာလဲ မကောင်းဘူး။အလုပ်အဆင်မပြေလို့လား ."
အကဲခတ်ကျွမ်းသူဘေဘီက ကျွန်တော့်ကိုမော့ကြည့်ရင်း မျက်နှာငယ်လေးနဲ့ရေရွတ်နေပြန်သေးတယ်။
"မဟုတ်ပါဘူးဘေဘီရဲ့။ကိုယ်နည်းနည်းလေး ပင်ပန်းနေလို့ပါ။လာလေ တစ်ခုခုသွားစားရအောင်.."
မောင့်ကညှာဆိုတဲ့ စားသောက်ဆိုင်လေးက အရင်ခပ်သေးသေးလေးကနေအခုတော့ နှစ်ဆလောက်ကြီးတဲ့ဆိုင်ကြီးတစ်ခုဖြစ်နေပြီ။ရှမ်းစာ၊တရုတ်စာနဲ့မြန်မာအစားစာတွေသာမက အကင်တွေ၊ဟော့ပေါ့တွေကအစ ရတာကြောင့် အမြဲလူစီနေတတ်သည်။ကျွန်တော်နဲ့ဘေဘီ ဒိတ်တိုင်း ဒီဆိုင်လေးမှာသာ အမြဲဆုံဖြစ်ကြသည်။အစားအသောက်တွေက အရသာထိမိသလို၊ဝန်ဆောင်မှုပိုင်းဆိုလဲလဲ ဟာကွက်လုံးဝမရှိပေ။
YOU ARE READING
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed