Part☁️15(U)

1.9K 120 0
                                        

ကျွန်တော်အိပ်ရာနိူးတော့ ဘေးမှာဆရာအကိုကြီးမရှိနေတော့။ခြောက်နာရီလောက်မှာ သူ့ဖုန်းalarmမြည်လာတာကိုကျွန်တော်ကြားလိုက်မိပေမယ့် အိပ်ချင်နေတဲ့စိတ်ကြောင့်မျက်လုံးဖွင့်မရခဲ့။ခုမှပဲ ဒဏ်ရာတွေက၊နာလာသလို ဘယ်ဘက်လက်ကောက်ဝတ်ကလဲ လှုပ်မရချင်လောက်အောင်နာလာ၏။လှုပ်ရှားသွားလာနေတဲ့အသံနဲ့၊ရေချိုးခန်းတံခါးဖွင့်သံတွေကိုပါ ကြားမိပေမယ့် ကျွန်တော်အသံတောင်မထွက်နိုင်ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ခြင်း။

"တူ..တူ..တူ."

အိပ်ရာပေါ်ကချက်ချင်းမထနိုင်သေးဘဲ အရှိန်ယူလိုက်ရသေးသည်။ကျွန်တော့်ဆီဖုန်းဆက်တဲ့သူက များများစားစားမရှိတာကြောင့် ဘယ်သူဆက်တာလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။

"ဟယ်လို.."

"ဘယ်လိုနေလဲသား။သက်သာရဲ့လား။မေမေလဲ အရေးတကြီးထွက်ရတာဆိုတော့ သားကိုတောင်သေချာမနှုတ်ဆက်လိုက်ရဘူး.."

"ရပါတယ်။ကျွန်တော်သက်သာတယ်။မေမေဘယ်နှစ်ရက်လောက်ကြာမှာလဲ..."

"လေးငါးရက်လောက်တော့ ကြာမယ်သား။ခုက ပွဲရုံရောက်မှာ ခနနားနေတာ။စာရင်းစစ်စရာတွေပြီးတာနဲ့ တခြားတစ်နေရာကိုဆက်သွားရအုံးမယ်။သားအကောင့်ထဲ မေမေပိုက်ဆံလွှဲထားတယ်နော်။ဆရာလေးနဲ့လဲ အဆင်ပြေအောင်နေအုံး။စိတ်ဆက်တဲ့သူချင်းဆိုတော့ ပြသနာဖြစ်မှာဆိုးလို့။အန်တီမိုးကလဲ မပြန်လာနိုင်သေးဘူးတဲ့။မေမေ အလုပ်တွေ မြန်မြန်လက်စသက်ပြီးပြန်ခဲ့မယ်နော်..."

မေမေ့နွေးထွေးမှုတွေဆိုတာက ဂဏန်းတွေရဲ့အရေအတွက်ပဲ ဖြစ်လောက်ပါတယ်။ဒီအခြေနေတွေနဲ့ကျွန်တော်နေသားကျနေပေမယ့် သူ့အချိန်တွေထဲက ခနလေးတောင်ဖဲ့မပေးဘဲ ကျွန်တော့်ကိုနှုတ်ဆက်မသွားတာကတော့မေမေတော်တော်လွန်ပါတယ်။

"ကျွန်တော်အဆင်ပြေတယ်။မေမေ့ကိစ္စတွေကိုသာ ပြီးအောင်လုပ်ပါ။ကျွန်တော့်ကို စိတ်မပူပါနဲ့..."

"ကောင်းပြီသား။ဒါဆိုမေမေစိတ်ချမယ်နော်။မေမေပြန်လာမှ လက်ဆောင်ဝယ်လာခဲ့မယ်.."

မိခင်တစ်ယောက်ဆီကမေတ္တာတွေဆိုတာ ကျွန်တော်တောင့်တောင့်တတလိုချင်ခဲ့တဲ့အရာတွေဖြစ်သည်။မေမေက မနွေးထွေးတတ်တဲ့ အမျိုးသမီးတစ်ယောက်မဟုတ်ပေမယ့် အိမ်မှာရှိတဲ့အချိန်တွေနည်းတာကြောင့် ကျွန်တော်နဲ့စိမ်းသည်။မေမေ့ကို စိတ်ဆိုးချင်ပေမယ့်၊စိတ်ဆိုးလို့မနိုင်တဲ့အခြေအနေတွေ။ကျွန်တော်ကိုယ်တိုင်က ဘာကိုမှဦးစီးလို့မရသေးတဲ့အချိန်ဖြစ်သလို၊ငွေမရှာနိုင်သေးတဲ့အရွယ်ဖြစ်တာကြောင့်မေမေ့ကို နားနားနေနေ နေဖို့လဲ မတိုက်တွန်းဖြစ်။မေမေ့ဆီက ဆူတဲ့အသံစိတ်ပူတဲ့အသံတွေကို ရလိုရငြား ငွေကိုဓားစာခံအနေနဲ့ ကျွန်တော်သုံးတယ်။မေမေက မဆူမယ့်အပြင်လိုသမျှငွေကိုပါ ရေလိုပေးနေတာကြောင့် အတားအဆီးမရွိပဲ သုံးတာမဟုတ်၊ဖြုန်းဖြစ်သည်။လိုအပ်တာတွေရော၊မလိုအပ်တဲ့အရာတွေကိုပါ မတန်မဆသုံးတတ်သလို၊စိတ်လွတ်ကိုယ်လွတ်သာနေမိသည်။မေတ္တာတောင်းလို့မရတဲ့အတူတူတော့၊ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ်နေရတဲ့ အရသာကမှ ပိုကောင်းသေးသည်။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now