ဂန္ဓမာပန်းတွေအသစ်ထပ်စိုက်ဖို့အတွက်
အလျားဆယ်ပေ၊အနံနှစ်ပေခန့်ရှိလောက်အောင် ပေါက်တူးဖြင့်မြေကိုပေါက်ယူရသည်။ချွေးတွေသံတွေထွက်နေတာကြောင့် အပေါ်အင်္ကျီကိုချွတ်ပြီးအားစိုက်လုပ်နေရတာကိုလဲ ဝါသနာပါတဲ့အလုပ်ဖြစ်တာကြောင့်မောတယ်လို့မထင်ရ။ရွာထဲက လူအနည်းစုနဲ့လဲ ရင်းနှီးသွားတာကြောင့် အလည်အပတ်သွားတာတွေကို တစ်ယောက်တည်းသွားလို့ရနေပြီ။ရွာခံလူတစ်ယောက်လိုသတ်မှတ်ကာ ပေါင်းသင်းကြတဲ့လူတွေကြောင့် ကိုကိုလဲစိတ်ချတယ်ထင်ပါတယ်။အိမ်တိုင်းကိုမသွားဖို့နဲ့သောက်တတ်စားတတ်တဲ့သူတွေနဲ့ မပေါင်းဖို့ကိုတော့ ကိုကိုကစည်းကမ်းတင်းကြပ်ထားသည်။ပြီးတော့ လူတိုင်းကိုမယုံဖို့နဲ့၊ကိုယ့်ရဲ့စီးပွားအခြေအနေတွေစပ်စုလာခဲ့ရင် အတတ်နိုင်ဆုံးမပြောမိအောင်နေ ဆိုပြီးမှာထားသေးတယ်။
"ဟိတ်..ကောင်လေး။လာနားအုံး.ပြီးမှဆက်လုပ်..."
"ဘာလို့လဲဗျ။ရာသီဥတုမှန်တုန်းလေး အားစိုက်လုပ်မှ။မဟုတ်ရင်နေတအားပူတော့မလုပ်နိုင်တော့ဘူး။ခုတောင်မနက်ကိုးနာရီနဲ့ ချွေးတွေတအားကျနေပြီ.."
"လာစမ်းပါဆို စကားများလိုက်တာ အရမ်းပဲ.."
ဆူးပုပ်ရွက်၊ပူစီနံလာဝယ်တဲ့သူတွေကို မိပြားတို့ရောင်းပေးနေတာကြောင့် ကိုကိုလက်ရာလှမ်းခေါ်ရာကို ကျွန်တော်လျှောက်သွားခဲ့တယ်။အိမ်ထဲကအိမ်အပြင်မထွက်တဲ့ကိုကိုက အရင်ကထက်ပင်အသားတွေဖြူလာသလို၊ကျွန်တော့်တစ်ကိုင်စာလေးပဲရှိတော့တယ်။ဘယ်လိုနေနေ ကိုကိုကချစ်ဖို့ကောင်းမြဲပါပဲ။
"ငါဒီမှာ ခေါက်ဆွဲပိုပြုတ်ထားတယ်။လာစားလှည့်အုံး။မင်းအကြိုက်ကြက်ဥတွေရော မုန့ညှင်းရွက်တွေရောပါတယ်."
ဘာလိုလိုနဲ့ကြယ်တာရာဆွေး ကျွန်တော်တို့ရွာရောက်နေတာ တစ်လကျော်ပြီ။မြို့လောက်မစီကားပါပဲ၊ပျင်းတယ်ဆိုတဲ့ ငြီးညူမှုတစ်ချက်မရှိ..လန်းဆန်းတက်ကြွနေတဲ့ကောင်လေးကို အားလဲနာသလို၊အလျော့လဲပေးဖြစ်ခဲ့တယ်။အေးအေးဆေးဆေးနေပါဆိုတာကို လက်မခံပဲ မေမေနဲ့ခြံအလုပ်တွေကူလုပ်နေတာကြောင့် နဂိုဖြူတဲ့သူ့အသားလေးတွေတောင် နေတွေလောင်နေသည်။ရင်အုပ်ကျယ်ကျယ်၊ဗလတောင့်တောင့်နဲ့ကောင်လေးက ကျွန်တော့်နားမှာကပ်ထိုင်ရင်းပုခုံးကိုလဲ မှီထားလိုက်သေးတယ်။
BẠN ĐANG ĐỌC
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed