ဘူးပင်ပေါက်တွေနဲ့ဖရုံပင်ပေါက်တွေအညွန့်လေးတွေထွက်လာပြီဖြစ်တာကြောင့် ကျွန်တော်တို့စင်ထိုးဖို့လုပ်နေကြတာဖြစ်သည်။ရောင်းဖို့အတွက်စိုက်တာဖြစ်တာကြောင့် ဘူး၊ဖရုံခင်းတွေများတဲ့အတွက်ကျင်းတော်တော်များများတူးရသလို၊စင်ကြီးကိုလဲ ခပ်ကြီးကြီးပဲထိုးရတယ်။ဖရုံနဲ့ဘူးတွေမရောဖို့ကိုလဲ ဂရုတစိုက်နဲ့လုပ်ရသေးသည်။ဖရုံကအရွက်ကြမ်းပြီး၊ဘူးရွက်ကတော့ အရွက်နုသည်။ရွာဓလေ့တော်တော်များများနဲ့၊သီးနှံပင်တွေ၊မွေးမြူရေးတွေအကြောင်း သိလွယ်၊တတ်လွယ်တာကြောင့် အန်တီနဲ့လေးလေးက ဝမ်းသာလို့မဆုံးဖြစ်နေသည်။ကိုကိုကတော့ ကျွန်တော်ပေါက်တူးတစ်လက်ကိုင်တာမြင်တာနဲ့ မျက်စောင်းခဲနေတတ်သည်။
"ကိုတာရာ.ဒီဝါးကိုင်းတွေ ဘယ်ထားလိုက်ရမလဲ.."
ဝါးပိုးဝါးတွေကို ခွလုပ်ကာ လေးဘက်လေးဘက်တိုင်စိုက်ရပြီး၊ထိုအပေါ်တွေကိုတော့ ဝါးကိုင်းတွေ၊ဝါးခြမ်းရှည်ကြီးတွေထပ်တင်ရသည်။ရေဝတာကြောင့်ရော၊မြေဆွေးတွေ၊ကြက်ချေးတွေကြောင့် အပင်ပေါက်တွေဆိုပေမယ့် သန်လှသည်။လှည်းကျင်းထားတဲ့ မန်ကျည်းရွက်ခြောက်တွေကိုပါ မြေဆွေးအဖြစ်သုံးတာဖြစ်တာကြောင့် အပင်ပေါက်တွေမှာ လက်တသ်ဆစ်လောက်သာသာအရွယ်သာ ရှိသေးပေမယ့် အပင်သန်သည်။
"ဒီနားပဲ ခနချထားအုံးလေ။ကျွန်တော့်ကို တွင်းကူတူးပေးပါအုံး။နေကပူတော့ မောလိုက်တာဗျာ.."
"ဟုတ်တယ်ဗျို့။ဒါတောင် ဒီခြံထဲမှာမလို့ အရိပ်တွေကောင်းတော့ပူမှန်းသိပ်မသိသာတာ။ရွာထဲမှာဆိုရင်လဲ အရင်တုန်းက သစ်ပင်အိုကြီးတွေနဲ့အုံမှိုင်းနေတာပါပဲ။လျှပ်စစ်မီးယူတော့ ခုတ်ပစ်ရတာ။ကျွန်တော်တော့နှမြောလိုက်တာဗျာ.."
တစ်တောင်သာသာခပ်နက်နက်တူးပြီး၊အညီအညာဖြတ်ထားတဲ့ ဝါးပိုးဝါးအပိုင်းတွေကို ထည့်ကာ တိုင်ထောင်ရသည်။ကိုကိုကတော့ ခြံအလုပ်ကိုသိပ်မကူနိုင်တာကြောင့် မီးဖိုချောင်ထဲမှာသာ အန်တီ့ကိုကူနေတာများသည်။တစ်ခါတစ်လေ..ကိုကိုနဲ့ကျွန်တော်နဲ့ဆိုတဲ့ အိမ်ထောင်ရေးဘဝလေးလို စိတ်ကူးယဥ်မိရင်ပျော်လိုက်တာဆိုတာဗျာ။ဖွင့်မပြောရသေးပေမယ့် ကိုကို့အပြုမှူတွေကလဲ ကျွန်တော့်ဘက်ကို အလေးသာနေတာ သိပါတယ်။ကျွန်တော့်အတွက်ဆိုရင်လဲ ကိုကိုကလွဲရင် တခြားမလိုအပ်တော့ပါ။ဒါပေမယ့် ဒီအခြေနေတွေရောက်ဖို့အထိတော့ အရမ်းစောသေးတယ်မလား။
ВЫ ЧИТАЕТЕ
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed