Part🌵32(U)

1.4K 80 9
                                        

အလှူရက်က ကပ်နေပြီဖြစ်တာကြောင့် မနက်ဖြန်ဆိုကျွန်တော်တို့ရွာပြန်ရတော့မည်။ပုဂံရထားနဲ့ပဲ ကျွန်တော်တို့မြို့က ဘူတာမှာဆင်းပြီး ရွာကနေ​ ဖေဖေတို့ကိုလာကြိုဖို့အစီစဥ်တွေလဲလုပ်ထားလိုက်သည်။ခုနေ့ကအဖွားရဲ့နေ့နာမ်လဲဖြစ်တဲ့အင်္ဂါနေ့ဖြစ်တာကြောင့် မနက်စောစောထပြီး ရွှေစည်းခုံဘုရားမှာ ပန်း၊ဆီမီးနဲ့ဆွမ်းတွေကပ်ဖို့အစီစဥ်လဲရှိသည်။ကြယ်တာရာဆွေးလဲ မျက်နှာသစ်နေပြီ။အမြဲရွှင်လန်းတက်ကြွနေတဲ့ကောင်လေးက ဘယ်လောက်ပဲအိပ်ရေးပျက်ပျက်မမှုတဲ့ပုံနဲ့ပင်ပန်းပုံမရ။

"ခုနေ့တော့ စတစ်ကော်လံအဖြူလေးနဲ့ပဲ ပုဆိုးပဲတွဲဝတ်မယ်မလား ကိုကို။အနားနီးတဲ့ဘုရားတွေကို ခုနေ့ဖူးကြမယ်။ရွှေစည်းခုံ၊အာနန္ဒာနဲ့ဓမ္မရံကြီး  တခြားစေတီတွေလဲကျန်သေးတယ်.."

"အေး..မင်းကြည့်ပြီးစီစဥ်လိုက်လေ။ငါကဘာမှသိတာမဟုတ်ဘူး။ရထားလက်မှတ်ဖြတ်ဖို့ရော ဘယ်လိုလုပ်ထားလဲ."

ပုဆိုးနက်ပြာကွက်စိပ်နှစ်ထည်ကိုဆင်တူလေးဝတ်ဖို့ထုတ်ထားလိုက်သည်။ခရီးစရိတ်ကအရမ်းမကုန်ပေမယ့် လက်ဖွာတဲ့ကောင်လေးကတော့ ရွာကမေမေ့အတွက်ဆိုပြီး ချည်ထည်တွေနဲ့စားစရာတွေတောင်ဝယ်ပြီးနေပြီ။တော်တော်လဲလျင်တဲ့ကောင်လေး။ဒါတောင် ပုန်းရည်ကြီးထုပ်တွေကို အများကြီးဝယ်နေသေးလို့ ဆိုင်ရှင်ကိုအားနာနာနဲ့ တောင်းပန်ခဲ့ရသေးတယ်။ကျွန်တော်တို့အဲ့လောက်အများကြီးမှမစားနိုင်ပါပဲ။ဒီကောင်လေးကိုက လက်ဖွာလွန်းနေတာ။လူမိုက်နဲ့ငွေအတူမနေဆိုတာ ဒါမျိုးပဲနေမှာ။

"ကားနဲ့ပဲ ပြန်မလားလို့ ကျွန်တော်တွေးနေတာ။ရထားနဲ့က သက်တောင့်သက်သာရှိတာမှန်ပေမယ့် ကားနဲ့က ပိုငြိမ့်တယ်လေဗျာ။.."

"စားစရိတ်တွေနဲ့တောင်တော်တော်ကုန်နေတာ။ကားခလဲ နည်းမှာမဟုတ်ဘူး။ရထားလက်မှတ်ပဲဖြတ်လိုက်ပါ။ရထားနဲ့ပဲ ပြန်ကြမယ်.."

ကျွန်တော့်ဆုံးဖြတ်ချက်တွေကိုပဲ အတည်ပြုရမယ်လို့ ဘုရားမှာသစ္စာဆိုခဲ့သလားမသိ။ကျွန်တော်ဘာပဲပြောပြော အမြဲခေါင်းညှိတ်နေတာချည်းပင်။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedМесто, где живут истории. Откройте их для себя