Part🌵28(U)

1.4K 98 7
                                        

ရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိရာ
ပုဂံသို့အစုန်ရထားကြီးသည် ရန်ကုန်ဘူတာကြီးမှထွက်ခွာလာခဲ့သည်။ခရီးသွားခြင်းခုံမင်တဲ့သူဖြစ်တာကြောင့် ရထားလမ်းတစ်လျှောက်မြင်တွေ့ရတဲ့ လယ်ကွင်းတွေ၊လူနေအိမ်တွေနဲ့ တစ်မြို့ဝင်တစ်မြို့ထွက်ဘူတာရုံတွေက ပန်းချီကားတစ်ချပ်သဖွယ်လှပလွန်းနေသည်။မိသားစုနဲ့မဟုတ်ပဲ.ကိုယ့်စိတ်ထဲမှာ သဘောကျနေရတဲ့ ကောင်လေးနဲ့အတူသွားရတဲ့ခရီးတစ်ခုဖြစ်တာကြောင့် ကြည်နူးစိတ်ရယ်၊ဝမ်းသာတဲ့စိတ်ရယ်က ဒွန်တွဲနေသည်။

လိုအပ်တဲ့အသုံးအဆောင်တစ်ချို့ရယ်.ပါဝါဘန့်နဲ့ဆေးတစ်ချို့၊ရေဘူးတွေ၊အာလူးကြော်တွေ၊သကြားလုံးတွေပါမကျန်စုံစေ့အောင် ထည့်လာတဲ့ကျွန်တော့်ကို ကြယ်တာရာဆွေးက အပိုအလေးခံပြီးသယ်တယ်လို့ပြောကာ မျက်မှောင်ကျုံ့ကာကြည့်နေပေမယ့် ဥပက္ခာပြုထားသည်။ပြီးတော့လဲ ရထားထွက်ကတည်းကတည်းက မုန့်တွေစားလိုက်၊ရေတွေသောက်လိုက်နဲ့ အလေးခံပြီးသယ်လာတဲ့လူကို ကျေးဇူးတင်စကားတစ်ခွန်းလေးတောင်မဟခဲ့ပေ။ပူပူညံညံလုပ်ခဲ့တာက သူမဟုတ်သလိုပင်။

"ခရီးသွားတယ်ဆိုတာ အမြင်ကျယ်ဖို့တဲ့။ကိုယ်မရောက်ဖူးတဲ့နေရာကနေ.တခြားနေရာသစ်ကို စူးစမ်းသွားတဲ့အခါ.မမြင်ဖူးတာတွေ၊မစားဖူးတာတွေနဲ့ထိတွေ့ခွင့်ရတယ်။ခရီးသွားတဲ့သူဆိုတာ ကောင်းကင်ပေါ်မှာပျံနေတဲ့ ငှက်တစ်ကောင်လိုပဲ။မြင်ကွင်းပေါင်းစုံကို ကြည့်နိုင်တယ်...မြင်နိုင်တယ်.."

နွေရာသီရောက်ပြီဖြစ်တာကြောင့် နွေစပါးစိုက်ဖို့ တစ်ချို့လယ်တွေမှာ ရေတွေဝင်နေပြီ။ပဲရိတ်ပြီးခါစ လယ်ကွင်းတွေနဲ့ဖြစ်သလိုလုပ်ထားတဲ့စာခြောက်ရုပ်တွေက မြင်ရသူအဖို့လှပလွန်းတယ်ဆိုတာထက်ကို ပိုသည်။ကားလမ်းမနဲ့ ဘေးချင်းယှဥ်ကာ သွားရတဲ့နေရာတွေမှာတော့ ရေနှုတ်မြောင်းလေးတွေကို ဘေးကနေမြင်ရတယ်။ကြာပန်းခူးနေတဲ့ ကလေးတစ်ချို့က ကန်စွန်းရွက်တွေကိုပါ ခူးနေကြသည်။ရာသီချိန် ကန်စွန်းရွက်ချဥ်ဟငိးလေးကလဲ သောက်လို့ကောင်းပြီကိုး။

"ကြယ်တာရာဆွေး..မင်းgameကို အသာထားစမ်းပါ။ငါပြောနေတာကိုနည်းနည်းလေးအာရုံစိုက်ပါအုံး။အိမ်ထဲမှာနေနေရုံနဲ့ မြက်ရတဲ့မြင်ကွင်းတွေမဟုတ်ဘူး။တစ်နေကုန်တစ်နေခမ်း ဒီဖုန်းနဲ့ပဲ အာရုံများနေတယ်။."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedOpowieści tętniące życiem. Odkryj je teraz