စာသင်ချိန်တွေကနေ ကိုးနာရီကေနစတာမလို့ ခုနှစ်နာရီလောက်တည်းက အိပ်ရာထရသည်။မနက်တည်းကချက်ပြုတ်ထားပြီးညနေအိမ်ပြန်ရောက်တော့မှ ချက်ပြီးသားတွေကို အဆင်သင့်နွှေးပြီးစားရုံပင်။သူငယ်ချင်းငါးယောက်လောက်စုပြီးငှားထားတဲ့အိမ်ဖြစ်တာကြောင့် သန့်ရှင်းရေးကိုတစ်လှည့်စီလုပ်ကြသည်။ယောကျာ်းလေးတွေပဲ စုနေကြတာဖြစ်တာကြောင့် ပေါက်ပေါက်ဝဝတော့မများကြ။
တစ်ခုပဲ။ဟင်းချက်တဲ့နေရာမှာတော့ ကျွန်တော့်ကိုအားကိုးကြသည်။တစ်လတစ်ခါလခထုတ်ရင် ကျွန်တော့်ကိုဟင်းဖိုးဆိုပြီးစုကာပေးကြသည်။ထို့ကြောင့်ကျွန်တော်လဲ တစ်ခါဟင်းချပ်ရင် အိုးကြီးနဲ့ချက်ရသည်။သူတို့နဲ့စာရင်ကျွန်တော်က မပင်ပန်းဘဲ၊လေသာကုန်တဲ့အလုပ်ဖြစ်တာကြောင့် ချက်ထားဖြစ်တာလဲ ပါပါလိမ့်မည်။ပြီးတော့ငယ်ငယ်တည်းကပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်တာကြောက့် အကုန်လုံးကအတွင်းသိအဆင်းသိတွေ။
"ခုနေ့အစောကြီးနိူးနေပါ့လား။ဆန်းဒေးမဟုတ်ဘူးလား လွင်ကြီး.."
လွင်ကြီးလို့ခေါ်တဲ့ဇော်ကိုလွင်က သူငယ်ချင်းတွေကြားမှာအအိပ်မက်ဆုံးသူပင်။အလုပ်ရှိတဲ့ရက်တွေဆို အိပ်ရာမထချင်လို့ဆူညံနေတတ်ပေမယ့်၊ပိတ်ရက်ဆိုရင်တော့ အစောကြီးထပြီးကျွန်တော့်ကို ကူတတ်၏။
"အေးလေ။ပိတ်ရက်ဆိုရင်အိပ်မယ်ဆိုပြီးအားခဲထားပေမယ့်။အလိုက်မသိတဲ့မျက်လုံးက အစောကြီးပွင့်နေတာနဲ့ ထလာရတာပဲ။."
"ကောင်းရောပဲ။မင်းတို့ခုနေ့ဘာစားမှာလဲ ငါစာသင်မသွားခင်ဈေးသွားမလို့။ဘာဝယ်ခဲ့ရမလဲ.."
"နေအုံး အဲ့ဒါဆို ကောင်းကောင်းကို မေးရမှရမယ်.."
ကောင်းကောင်းက ကျန်တဲ့သူတွေထဲမှာ ကျွန်တော်နဲ့စိတ်အနီးစပ်ဆုံးရှိသူဖြစ်သည်။စကားပြောသွက်သလို၊ဘာပဲပြောပြော ဒိုးဒိုးဒေါက်ဒေါက်ရှိတဲ့သူ။ဘာဟင်းချက်ရမှန်းမသိတဲ့အခါ ကောင်းကောင်းကိုအားကိုးရသည်။ဘာဟင်းနဲ့ဘာဟင်းလေးချက်။ဘယ်လိုလေးလုပ်ဆိုပြီးအကြံတော့ပေးတတ်သည်။သူကိုယ်တိုင်ကတော့ မချက်တတ်ပေ။
YOU ARE READING
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed