Part☁️7(U)

2.5K 156 1
                                        

အလွမ်းတို့အိမ်လေးက မနက်ခင်းထုံးစံအတိုင်း ချက်ပြုတ်ကြော်လှော်နေတဲ့အသံတွေနဲ့ဝေဆာလို့နေသည်။အလွမ်းတစ်ယောက်အိမ်ရှိတာက အိမ်ရှင်မနှစ်ယောက်လောက် နေတဲ့အိမ်နဲ့တူတယ်ဆိုပြီး မြှောက်ပင့်အပြောတွေကြောင့်ထင်ပါသည်။တစ်နေ့လုံးချက်ပြုတ်နေရရင် မောတယ်ပန်းတယ်လို့ကိုမရှိပေ။ပြီးတော့ ကျွန်တော်ချက်သမျှကို ချေးများခြင်းမရှိပဲစားတတ်ကြတာကြောင့် စိတ်ချမ်းသာတာလဲ ပါပါလိမ့်မည်။

"ပိုင်ခန့်၊ကောင်းကောင်း ထကြတော့၊ခုနေ့အလုပ်သွားရမှာမလား."

မနေ့ညက ကျန်တဲ့ ထမင်းတွေကို ပဲပြုတ်နဲ့ရောကြော်ရင်း အိပ်နေတဲ့ကာလနဂါးတွေကို နှိုးရသေးသည်။အလုပ်သွားတဲ့အချိန်နဲ့မနက်စာစားတဲ့အချိန်နဲ့ ကိုက်လိုက်ရင်အေးအေးဆေးဆေးအချိန်မရတာကြောင့် စောစောနှိုးရသည်။မသိရင်ကျွန်တော်ကပဲ တစ်အိမ်လုံးရဲ့အိမ်ဖော်လိုလို၊အုပ်ထိန်းသူလိုလို။

"နေအုံးကွာ..ငါးမိနစ်.."

"နိူးနေလဲ ထတော့။ငါမချန်ထားဘူးနော် ထမင်းကြော်ကို။ဦးတဲ့သူစား ဆက်အိပ်နေတဲ့ကောင်ကတော့ အိုးသာရေဆေးသောက်ကြ."

အစားအသောက်နဲ့ခြိမ်းခြောက်လိုက်မှ ပုဆိုးမနိူင်ပုဝါမနိူင်နဲ့ မျက်နှာသစ်ဖို့ပြင်ဆင်နေကြတဲ့သူတွေကိုကြည့်ပြီး ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။

"ပိုင်ခန့်။အဲ့ဒါငါ့သွားတိုက်တံနော်..မင်းသွားတိုက်တံက ဘာ်ရောက်သွားလို့လဲ.."

"မင်းကလဲသွားတိုက်တံလေးတစ်ချောင်းကို ဥစ္စာခြောက်ပြန်ပြီ..ပြန်ဝယ်ပေးမယ်ကွာ။ငါ့ဟာက ကျိုးသွားလို့ ယူသုံးတာမရဘူးလား.."

"ဥစ္စာခြောက်တာ မဟုတ်ဘူးလေ။ငါသုံးပြီးသားကြီးမင်းသုံးရမှာ အားနာလို့။ဝယ်ပြီးသားလဲအပိုမရှိဘူး။မဟုတ်ရင်ငါထုတ်ပေးပါတယ်...."

"ရတယ်။ရှိလဲမထုတ်နဲ့..မင်းဟာနဲ့လဲအဆင်ပြေပါတယ်။မင်းက ငါ့ကိုရွံလို့လား."

ပိုင်ခန့်ကချောလွန်းသည်။မြင့်မားလှတဲ့အရပ်က ကြံ့ခိုင်လွန်းတဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်လွန်းနေသည်။အခုလဲ ကျွန်တော့်သွားတိုက်တံယူသုံးကို သာမာန်ကိစ္စတစ်ခုလိုပဲ သဘောထားပြီးပုခုံးပေါ်တင်ကာ ရေချိုးခန်းထဲဝင်သွား၏။သူ့မေးခွန်းကိုလဲ ဘာမှမဖြေချင်တော့။သူနဲ့ကျွန်တော်က မျက်နှာချင်းဆိုင်တာနဲ့ အဲ့လိုကတောက်ကဆလေးက ဖြစ်နေမှ၊မဟုတ်ရင်စားမဝင်အိပ်မပျော်သလိုနဲ့ ကြောင်စီစီကြီး။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now