Part☁️6(U)

2.1K 135 0
                                    

တစ်လမ်းလုံးစိတ်တိုလာသမျှက အိမ်ရှေ့ရောက်မှပိုဆိုးသွားတော့၏။လေးနာရီကျော်လို့၊ငါးနာရီနားပင်ကပ်နေပြီ ခြံတံခါးကြီးကဖွင့်ရက်သားကြီးနဲ့ပင်။

"ကောင်းကောင်း ခြံတံခါးက အခုထိမပိတ်ရသေးတာလား။မင်းကလေ ဒီgameပဲ တစ်နေကုန်တစ်နေခမ်းဆော့နေတာ။ခြံထဲမှာ သူခိုးဝင်ခိုးသွားတောင်သိမှာမဟုတ်ဘူး.."

"ပိတ်တော့မလို့ပဲ အလွမ်းရဲ့။gameက ဘယ်လိုမှလက်စဖြတ်မရဖြစ်နေလို့။မင်းစာမသင်ရဘူးလားခုနေ့.."

ကျွန်တော့်ဒေါသအကြောင်း သိနေပြီဖြစ်တဲ့သူတို့က အရေးပင်မလုပ်တော့။ကျွန်တော့်မျက်နှာကို ကြည့်ပြီးဘာဖြစ်လာတယ်ဆိုတာ ခန့်မှန်းတတ်တဲ့အထိ ကျွမ်းကျင်မှုရှိလာကြသည်။

"မသင်ဖြစ်ဘူးခုနေ့။"

ရေခဲသေတ္တာထဲက ရေတစ်ဘူးကိုထုတ်ရင်း ဖန်ခွက်ထဲထည့်လိုက်သည်။ရေတစ်ဝက်လောက်သာရှိတော့တဲ့ ပုလင်းတွေနဲ့၊ပိန်လိန်နေတဲ့ ဘူးတစ်ချို့က ကျွန်တော့်စိတ်ကို ထပ်ဆင့်ရှို့ပေးနေပြန်၏။

"ရေလေးဘာလေးလဲသောက်ပြီးရင်ထည့်ကြပါအုံး။ငါ့လက်ကိုစောင့်နေတယ်။ဟိုတစ်ခါလဲ ငါ့ထည့်ထားပြီးပြီ။အခုလဲ ရေဘူးတွေက အခွံတွေပဲ ကျန်တော့တယ်။.."

"ငါထည့်မှာပါ အလွမ်းရာ။မီးဖိုခန်းက အမှိုက်တွေနဲ့ပွနေလို့ သိမ်းနေလို့ မထည့်အားသေးတာပါ။ပတ်ပြီးရမ်းတတ်တဲ့ အကျင့်လေးကို ဖျောက်အလွမ်း။အဲ့ဒါကြောင့် မင်းနဲ့ဘယ်သူမှ မဖြစ်တာ."

"အေးအေး ပြောရင်လဲ ငါအလွန်ပဲ။မင်းတို့ပဲမှန်တယ် ငါပဲမှားတာ ဟုတ်ပြီလား.."

လွင်ကြီးက မနိုင်ဘူးဆိုတဲ့ပုံနဲ့ ကျွန်တော့်ကိုတစ်ချက်ကြည့်ရင်းလုပ်စရာရှိတာတွေကိုသာ ဆက်လုပ်နေတော့၏။ကျွန်တော်လဲ ရေခွက်ကိုကိုင်ရင်း ကောင်းကောင်းအနားကိုသာ လာထိုင်လိုက်၏။ဗလကတော့ ခြံထဲမှာ တကုပ်ကုပ်နှင့်ဘာတွေလုပ်နေမှန်းမသိ။ပျောက်ချက်သားကောင်းနေတာကတော့ ပိုင်ခန့်။ဒီကောင်မနက်ကတည်းက ဘယ်တွေသဝေထိုးနေတာလဲမသိ။သူ့အတွက်ဝယ်လာတဲ့ မုန့်ဟင်းခါးထုပ်ကလဲ စားမယ့်သူမရှိပဲ။ပိုင်ရှင်မဲ့နေလေရဲ့။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completedحيث تعيش القصص. اكتشف الآن