Part🌵37(U)

1.2K 78 6
                                        

"ဗျို့ ကိုတာရာ..ဆရာလေးနိုးပြီလားဗျ.."

ခြံထဲမှာမရမ်းသီးခူးနေတုန်း လှမ်းခေါ်လိုက်တဲ့အသံကြောင့် ကျွန်တော်ငုံ့ကြည့်လိုက်မိသည်။အောက်အနိမ့်က မရမ်းသီးတွေက ချူချလို့ရပေမယ့်အရမ်းမြင့်တဲ့နေရာတွေကကျ ချုလို့မရတာကြောင့်လူကိုယ်တိုင်တက်ခူးရခြင်းဖြစ်သည်။ကိုကိုကတော့ သစ်ပင်မတက်ခိုင်းပါ။မနေ့က မာလကာပင်ပေါ်တက်တုန်းကတော့ ဆူသေးတာ အန်တီက ကျွန်တော့်ဘက်က ကူပြောပေးတာ​ကြောင့်သာ သက်သာသွားတာ။အခုလဲ အသံပြဲနဲ့ အော်နေတဲ့ ကျော်သူကို မျက်မှောင်ကျုံ့ကာကြည့်ရင်း တိုးတိုးပြောဖို့အချက်ပြလိုက်ရသည်။

"တိုးတိုးအော်ပါကွ။မနိူးသေးဘူး ဘာဖြစ်လို့လဲ.."

ခါချဥ်တွေကလဲ တစ်ချက်တစ်ချက် ဝင်ဝင်ကိုက်တာကြောင့် ပွတ်သတ်နေရသေးသည်။ခူးဖို့ကလဲ အနည်းငယ်ကျန်သေးတာကြောင့် သစ်ပင်ပေါ်ကမဆင်းသေးဘဲ ဂွဆုံမှာခွထိုင်ရက်သားနဲ့လှမ်းကြည့်နေရသည်။ကိုကိုနဲ့ ကျွန်တော်ပြသနာလေးဖြစ်ပြီးတည်းက စကားပြောတောင်နည်းသွားခဲ့တာ။သူလဲ လုပ်စရာရှိတာလုပ်နေတတ်သလို၊ကျွန်တော် ကိုယ်တိုင်ကလဲ ရှောင်နေမိတယ်။သူ့ဘက်က ချော့တာလေးပဲ ဖြစ်ဖြစ်ခံချင်မိလို့လေ။

"ဒီမှာ ဆရာလေးဖို့ပိတောက်ပန်းလာပေးတာ။ရွာထိပ်က အပင်ကြီးမှာ ပွင့်နေတာခဲနေတာပဲ။အန်တီသက်ကတော့ ပိတောက်ပန်းမကြိုက်ဘူးတဲ့။ဆရာလေးကတော့ ပိတောက်နဲ့စံပယ်ကို အရမ်းကြိုက်တာ။ဟိုးနောက်ဘေးက အပင်တောင်မပွင့်သေးလို့ မဟုတ်ရင် ကျွန်တော်ကိုယ်တိုင်ခူးပေးပြီးနေပြီ.."

သူ့လက်ထဲက ပိုက်လာတဲ့ပိတောက်ခိုင်တွေက ကိုကို့အတွက်တဲ့လား။သူက ဘာလို့ကိုကို့အကြာင်း ကျွန်တော့်ထက်သိနေရတာလဲ ဆိုတဲ့အတွေးကြောင့်ကျော်သူ့ကို မကြည်ချင်တော့။ဒါပေမယ့်သူ့ပုံစံကရိုးသားပါတယ်ဆိုတဲ့ ပုံစံသိသာပါတယ်။ကျွန်တော့်ကိုလဲ ဧည့်သည်ဆိုပြီးတရိုတသေရှိသလို၊ကျွန်တော်ခြံထဲမှာလုပ်နေတာမြင်ရင်တောင် လာလာကူပေးတတ်သေးတယ်။

"အဲ့ဒါ ဘယ်သွားမလို့လဲ.."

ကျွန်တော့်ကိုကျော်ပြီး အိမ်ထဲဝင်တော့မယ်ဟန်ပြင်နေတာကြောင့် လှမ်းအော်လိုက်ရသည်။
သူသွားရင်ကိုကိုနိူးလာလိမ့်မယ်။ကိုကို့ရဲ့ အိပ်မှုံစံဖွားအလှကို မမြင်စေချင်တဲ့ သဝန်ကြောင်တဲ့စိတ်နဲ့ မေးလိုက်ခြင်းပါ။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedDonde viven las historias. Descúbrelo ahora