စာသင်သွားရင်သုံးနေကျဖြစ်တဲ့ အိတ်အဖြူလေးထဲကို မှင်နီနဲ့ပုံနှိပ်စာအုပ်တစ်ချို့၊ကိတ်မုန့်အသေးလေးနှစ်ထုပ်လောက်နဲ့ရေဘူး၊ဖုန်းတို့ကိုပါ တစ်ခါတည်းထည့်လိုက်၏။နန်းကြီးသုပ်စားကြတာမလို့ ဗိုက်ကထမင်းစားတာလောက်တင်းတိမ်မှာမဟုတ်မှန်းသိတာကြောင့် မုန့်အပိုယူသွားခြင်းသာ။ပုံမှန်အချိန်မှာဆို မုန့်တွေယူမသွားဖြစ်။သွားရည်စာစားခြင်းကလဲ သွယ်ဝိုက်ခြင်းနည်းနဲ့ ဝင်ငွေထွက်တာပဲလေ။အဲ့အစား ထမင်းကြမ်းစားသွားတာကမှ ဗိုက်ပိုပြည့်အုံးမည်။
"ကောင်းကောင်း ငါသွားပြီ။ခြံတံခါးလိုက်ပိတ်အုံး."
"အေး..ငါgameဆော့နေလို့ ပြီးရင်ပိတ်လိုက်မယ်။မင်းတံခါးစေ့ခဲ့လိုက်လေ."
"ပိတ်ဖို့မမေ့နဲ့နော်။အပြင်မသွားတော့ဘူဆိုရင် သော့ပါတစ်ခါတည်းခတ်ထား.."
အပင်စိုက်တာ ဝါသနာထုံတဲ့သူဖြစ်တာကြောင့်နှစ်ရှည်ပင်ဖြစ်တဲ့ မာလကာပင်၊သြဇာပင်တွေကို နေရာလွတ်ရှိသလောက်စိုက်ထားဖြစ်သည်။ညနေဘက်မှာလမ်းထဲက ကလေးတစ်ချို့က မှောင်ရိပ်ခိုပြီးမာလကာသီးခိုးတတ်ကြတာမလို့ အိမ်ခြံဝန်းကိုလဲ စိတ်မချနိုင်ပေ။နှမြောတတ်တဲ့သူမဟုတ်ပေမယ့် စည်းကမ်းမရှိလုပ်တာကိုတော့ ဘယ်လိုမှသဘောမကျ။ခွင့်တောင်းပြီးခူးတာဆိုရင်တော့ အလွမ်းတို့က အပင်ပေါ်ပါတက်ခူးပေးဖို့အထိ ရက်ရောပါတယ်။
ရွာကအိမ်မှာဆို မာလကာပင်ကြီးတွေက ခြံထဲမှာလေးငါးပင်လောက်ရှိတာ။ခူးချင်တဲ့သူလာခူးဆိုပြီးတံချူပါအဆင်သင့်ထောင်ပေးထားသည်။အလှူရေစက်လက်နဲ့မကွာအောင်မလှူနိုင်ပေမယ့် ဒီလိုအသီးအနှံလှူရတဲ့အကျိုးကြောင့်ထင်ပါတယ်။ကျွန်တော့်အသားရေလေးတွေက ဖြူတာမဟုတ်ဘဲ ဝင်းဝင်းလေးရှိနေသည်။
အဆင်သင့်ဖွင့်ထားတဲ့ခြံတံခါးအတိုင်း ကျွန်တော်ဝင်လာခဲ့လိုက်သည်။ပထမတစ်ခေါက်ရောက်ဖူးပြီးသားမလို့ အခက်ခဲမရှိဝင်သွားနိုင်ပေမယ့် နည်းနည်းတော့ကြောင်စီစီနိုင်လှသည်။တခြားရက်ကွက်တွေသွားသင်ရင် စက်ဘီးနဲ့သွားတတ်ပေမယ့် တစ်လမ်းထဲကအိမ်တွေကိုဆို ခြေလျင်သာသွားဖြစ်သည်။လမ်းများများလျှောက်တော့ ခန္ဓာကိုယ်မှာ အဆီမရှိတဲ့အကျိုးလေးတွေပါ တစ်ဆက်တည်းရ၏။
ВЫ ЧИТАЕТЕ
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed