ဆရာအကိုကြီးနဲ့ကျွန်တော် အကြော်စားပြီးတော့သူ့ကို အိမ်ပြန်လိုက်ပို့ပေးလိုက်သည်။ဟင်းဝယ်ပြီးတာနဲ့အိမ်ကိုတန်းပြန်ဖို့ကိုလဲတဖွဖွမှာနေပြန်သေးသည်။ဆရာအကိုကြီးက တကယ်အဖိုးအိုပေါက်စလေးနဲ့တာလှသည်။ခုညနေထဲက အဲ့စကားကို အပ်ကြောင်းထပ်ပြောနေတာကြောင့်ကျွန်တော်အလွတ်ပင်ရနေပြီ။အကြော်တွေလဲတော်တော်များများ စားလိုက်တာကြောင့် ကျွန်တော်ဗိုက်တင်းနေပေမယ့် ညလည်လောက်မှဗိုက်ဆာလာရင် ဘာမှစားစရာရှိတော့မှာမဟုတ်။ထို့ကြောင့် ဟင်းနည်းနည်းလောက်သာဝယ်ဖို့ဆုံးဖြတ်လိုက်မိသည်။
မောင့်ကညှာစားသောက်ဆိုင်လေးက ခေတ်မှီအပြင်အဆင်၊ဝန်ဆောင်မှုတွေကြောင့် ဆန်းသစ်လွန်းနေသည်။ဘိုးဘွားရိပ်သာတစ်ခုပါ ဖွင့်ထားတယ်ဆိုတဲ့သတင်းကြောင့် တခြားဆိုင်တွေထက်လူစီသည်။ပြီးတော့ချက်ပြုတ်တဲ့လက်ရာတိုင်းက အရသာထိမိလွန်းတာကြောင့် လျှာလည်စေတဲ့အကြောင်းပြချက်တွေပင်။ပြီးတော့ လာရောက်စားသုံးသူတွေထဲမှ သီချင်းဆိုဝါသနာပါတဲ့သူတွေအတွက်လဲ stageစင်လေးတစ်ခုလုပ်ပေးထားပြီး၊ဂစ်တာနဲ့တခြားတူရိယာတွေလဲ ထားရှိထားသေး၏။ကျွန်တော်ထိုင်နေတော့ ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်က Korean songတစ္ခုကို ဟန်ပါပါအသံနေအသံထားနဲ့ဆိုနေသေး၏။
"ကြက်အချို တစ်ပွဲနဲ့ထမင်းဖြူနှစ်ထုတ်ပေးပါဗျ။ပြီးတော့ Cokeတစ်ဘူးရောပေးပါ."
"ပါဆယ်နော် ညီလေး။."
"ဟုတ်တယ်ခင်ဗျ။မြန်မြန်လေးလုပ်ပေးပါ.."
အရက်ဘီယာသောက်စားခွင့်မပြုဆိုတဲ့ စာတန်းကြောင့် အသက်လတ်ပိုင်းအမျိုးသားတွေရှာပါးတဲ့ဆိုင်တစ်ခုလဲ ဖြစ်သည်။လူငယ်ကောင်လေးတွေနဲ့ကောင်မလေး လှလှလေးတွေသာ ဝိုင်းတိုင်းနေရာတိုင်းမှာ ရှိနေကြသည်။အရင်ဆိုင်အရွယ်အစားကသေးပေမယ့် နောက်ပိုင်းတော့ ဘေးကပ်ရပ်ခြံလွတ်ကြီးကိုပါ ပေါက်ဈေးနဲ့ဝယ်နိုင်တဲ့အထိ ရောင်းအားတက်ခဲ့သည်။ဓာတ်ပုံရိုက်ဖို့ကောင်းတဲ့နေရာတွေအများကြီးရှိသလို၊စိတ်အပန်းပြေစေတဲ့နေရာလေးတစ်ခုလဲ ဖြစ်သည်။
ဆိုင်ရဲ့နံရံတွေမှာတော့ ရှုခင်းပုံပန်းချီတွေချိတ်ဆွဲထားပြီး၊ပန်းချီကားတစ်ခုက ကောင်ချောချောလေးတစ်ယောက်က အဖိုးအဖွားတွေနဲ့စကားဝိုင်းဖွဲ့ကာ ပြောနေတဲ့ပုံကလေးဖြစ်သည်။ဒီဆိုင်ကိုတည်ထောင်ထားတဲ့ပိုင်ရှင် နွေဦးကညှာဆိုတဲ့အမျိုးသားလေး ဖြစ်ပါလိမ့်မည်။ပြီးတော့ အရပ်ရှည်ရှည်နဲ့အမျိုးသားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ အနူးညံ့ဆုံးပြုံးနေတဲ့ပုံကလေး။ဒီပုံကတော့ အသက်ဝင်လွန်းနေတဲ့ ပန်းချီကားလေးတစ်ခုလိုပင်။ဒီဆိုင်ပိုင်ရှင်တွေရဲ့ နောက်ခံအကြောင်းကို လူသိတော်တော်များတာကြောင့် ထွေထွေထူးထူးအံ့သြစရာတော့မရှိပေ။ဖြူစင်တဲ့ချစ်ခြင်းတစ်ခုနဲ့ဘဝတစ်ခုကို တည်ထောင်ထားကြတဲ့အမျိုးသားနှစ်ယောက်ဆိုပြီး မြင်ပေးလိုက်ရင် ဘဝကြီးက သာယာလွန်းပါတယ်။ကျွန်တော်ဆိုရင်လဲ လိင်အမျိုးအစားခွဲခြားမှာမဟုတ်။ကျွန်တော့်ကို ချစ်တဲ့သူ၊ကျွန်တော်ချစ်တဲ့သူဆိုလျှင် အမျိုးသား၊အမျိုးသမီးဆိုတဲ့ ခွဲခြားချက်ကို လွန်ဆန်နိုင်မှာသေချာပါတယ်။
ESTÁS LEYENDO
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed