Part🐠44(U)

1.1K 55 2
                                    

တစ်ညလုံးရော၊ရထားစီးလာတဲ့ တစ်လျှောက်လုံးရော အကြောင်းအရာတစ်ခုကိုပဲ လေးလေးနက်နက်တွေးနေမိသည်။အဖြေကတော့ တစ်ခုတည်းပါ။ပိုင်ခန့်ပြောသလိုပါပဲ.ကြယ်တာရာဆွေးသာ ကျွန်တော့်ကို တကယ်ချစ်နေခဲ့တာဆိုရင် အဆက်အသွယ်ရှိလာခဲ့မှာပဲလေ။ဇရပ်အိုမှာ ခနလောက်လာနားခိုတဲ့ ဧည့်သည်တစ်ယောက်သာသာပါပဲ ကြယ်တာရာဆွေးရာ။ထွက်သွားတဲ့သူနဲ့ ကျန်ခဲ့တဲ့သူ ဘယ်သူပိုပြီးနာကျင်ရလဲဆိုတဲ့မေးခွန်းကို ငါမဖြေချင်ဘူး။မင်းကို ချစ်ခဲ့မိတယ်ဆိုတာ ဝန်ခံပေမယ့် ငါ့အပေါ်လုပ်ထားတဲ့ မင်းရဲ့လုပ်ရက်ကိုတော့ ငါခွင့်မလွှတ်နိုင်ဘူး..

"ကျော်သူရေ..ဟိတ်ကောင် ကျော်သူ။ခြံတံခါးလာဖွင့်အုံး.."

ပိုင်ခန့်နဲ့နှစ်ယောက်သား အထုပ်ကိုယ်စီစွဲကာ အိမ်ရှေ့မှာစောင့်နေရတာကြာနေပြီ။အိမ်ထဲက အရိပ်အရောင်တောင်ထွက်လာတာမမြင်ရ။မရောက်တာကြာပြီ ဖြသ်တဲ့အိမ်ကလေးကတော့ နွေးနွေးထွေးထွေးပင် စီးကြိုနေသည်။မြက်တစ်ပင်မှမရှိအောင် ရှင်းလင်းနေသလို၊နှင်းဆီပင်တွေ၊လမ်းလျှောက်ပန်းတွေကိုလဲ စိုက်ပျိုးထားတာကြောင့် စိုစိုပြည်ပြည်ရှိနေသည်။ဘာမှမပြောင်းလဲပဲ.အရင်ကအတိုင်းသာ..

"ဝူး...တီ..တီ."

ဖွင့်ထားတဲ့မှန်ကနေ ပစ်ချလိုက်တဲ့စီးကရက်တစ်လိပ်။ဘယ်လိုတောင်စည်းကမ်းမရှိမှုမျိုးလဲ။ကျွန်တော်နဲ့ပိုင်ခန့် ဘေးမှ အရှိန်ပြင်းပြင်းမောင်းထွက်သွားတာကြောင့် ဘယ်သူဘယ်ဝါ ဆိုတာ ကွဲကွဲပြားပြားမမြင်လိုက်ရပါ။ကားအကောင်းစားစီးပြီး မင်းမဲ့စရိုက်နဲ့ပုံစံကတော့ စိတ်ပျက်စရာပင်..

"ကျော်သူရေ..ဟော် ဒီကောင်တော့။အိမ်တံခါးကြီးဖွင့်ပြီး ဘယ်ရောက်နေတာလဲ။နေပူပါတယ်ဆိုမှ.."

"မင်းမှာ သော့အပိုပါနေတာပဲ အလွမ်းရာ။ဖွင့်ဝင်လိုက်ပါလား။အိပ်နေတာတို့ ဘာတို့ဖြစ်နေတာနေမှာ။."

ပိုင်ခန့်ပြောမှ အိတ်ထဲမှာထည့်လာတဲ့ ခြံသော့အပိုကို ထုတ်ပြီးအတွင်းဘက်ကနေဖွင့်ရသည်။သံတံခါးဖြစ်တာကြောင့် လက်လျှိုဝင်လို့ရတာကြောင့် အဆင်ပြေတာဖြစ်သည်။စိတ်ထဲမှာလဲ ဖြတ်မောင်းသွားတဲ့ ကားကို ဆဲနေမိသည်။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedHikayelerin yaşadığı yer. Şimdi keşfedin