Part☁4(U)

3.1K 171 0
                                        

"ဝါး...."

ကားပေါ်ကဆင်းပြီးတာနဲ့ အိမ်ပေါ်ထပ်ကိုသာတက်ဖို့ဆန္ဒရှိနေသည်။အိပ်ရာနှိုးခြင်းက ကျွန်တော့်ရဲ့အမုန့်ဆုံးအလုပ်ဆိုတာ မေမေလဲသိပါရဲ့၊ပိတ်ရက်ကိုမှရွေးပြီးနှိုးတဲ့အတွက်စိတ်ကမကြည်ချင်။အဲ့ဒါကြောင့် ဘာဆိုဘာကိုမွမကူဘဲ ကားပေါ်မှာကျန်ခဲ့ကာ ဂိမ်းဆော့နေခြင်းဖြစ်သည်။အခုလဲ လက်ဆွဲခြင်းထဲမှာပါလာတဲ့ပစ္စည်းတွေကများတာကြောင့် မေမေမနည်းသယ်ယူရမှာကို သိသည်။သို့သော်မကူဖြစ်ပေ။

ခြေရင်းဘက်ခြင်းထဲမှာ ပုံစံမကျချွတ်တင်ထားတဲ့ဘောင်းဘီတွေနဲ့၊မလျှော်ရသေးတဲ့အင်္ကျီတွေက တွဲလျားကျနေသည်။အန်တီမိုးပြန်လာမှပဲ အကုန်လုံးကိုလျှော်ခိုင်းရတော့မည်။ပြီးတော့ ပြန့်ကျဲနေတဲ့ စာရွက်စတွေ၊အစီအရီမရှိတဲ့ကျောင်းစာအုပ်တွေနဲ့၊စားပြီးသားမုန့်အခွံတွေဟာ ဆယ်တန်းဖြေတော့မယ်ကျောင်းသားတစ်ယောက်ရဲ့ နေထိုင်မှုပုံစံအစစ်ပင်။ဒီအရှုပ်ထုပ်တွေကြားထဲမှာပဲ တိုးဝှေ့ဝင်ရင်း အိပ်စက်ဖို့လမ်းကြောင်းရှာမိလိုက်တော့သည်။

"သား..ကြယ်တာရာ ထမင်းစားမယ်သားလေး။ဆယ့်တစ်နာရီထိုးနေပြီ."

အအိပ်ဆက်တဲ့သူဖြစ်တာကြောင့် မေမေတံခါးခေါက်ကတည်းက ကျွန်တော်နိူးနေပြီးသားဖြစ်သည်။အိပ်ကောင်းကောင်းနဲ့အိပ်လိုက်လို့ထင်ပါသည်။အချိန်ပင်တော်တော်လင့်သွားခဲ့တယ်။လိတ်တင်နေတဲ့ အင်္ကျီစကို ဆွဲချရင်း အခန်းတံခါးကိုဖွင့်ကာ အောက်ဆင်းခဲ့မယ်ဆိုတဲ့အကြောင်းပြောလိုက်ရသေးသည်။လူက ငြီးစီစီကြီးဖြစ်နေတာကြောင့် မျက်နှာထပ်သစ်ကာ ရေပါတစ်ခါတည်းချိုးလိုက်သည်။ဆောင်းတွင်းဆိုပေမယ့် နေ့လည်ဘက်က ပူလွန်းတာကြောင့် စွပ်ကျယ်တစ်ထည်နဲ့ဘောင်းဘီတိုလေးကို တွဲဝတ်လိုက်သည်။အအေးကြိုက်တဲ့သူဖြစ်တာကြောင့် ညဘက်အရမ်းအေးနေရင်တောင် အပေါ်ထပ်ဝတ်ဖြစ်တာမဟုတ်ခဲ့ပေ။အခုလိုနွေရောက်ခါနီးအချိန်ဆိုတော့ ပိုဆိုးတာပေါ့။

အန်တီမိုးမီးဖိုချောင်ဝင်တာနဲ့မတူတဲ့အချက်ကို ကျွန်တော်ကြုံလိုက်ရသည်။ထမင်းဝိုင်းပေါ်မှာ တင်ထားတဲ့ဟင်းခွက်က ကြက်ကုန်းဘောင်လို့ထင်ရတဲ့ဟင်းတစ်ခွက်နဲ့၊ဖြူကျဲကျဲဟင်းရည်တစ်ခွက်သာရှိနေသည်။အချိန်တော်တော်ကြာ ချက်လိုက်ရတဲ့မေမေ့ရဲ့လက်ရာကို ကျွန်တော်စားရအုံးမည်ပေါ့။မေမေကတော့ ထမင်းအုပ်ထဲက ထမင်းကိုတစ်ကော်လောက်ကော်ထည့်ရင်း ကျွန်တော့်ဆီကို ကမ်းပေးလာ၏။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedDonde viven las historias. Descúbrelo ahora