မိုးရိပ်မကင်းတဲ့ လေကြမ်းတွေက အေးမြမြရှိနေသည်။ရင်ထဲက အပူတွေကို ငြိမ်းပေးနိုင်စွမ်းမရှိ။ဝေးသွားရင်..ကျွန်တော်တို့နှစ်ယောက်ဝေးသွားခဲ့ရင်ဆိုတဲ့အတွေးကို ကျွန်တော်ဆက်တွေးလို့မရ။အတွေးတွေကိုယ်တ်ုင်က ရှေ့ဆက်တွေး ဖိုခွင့်မပြုတာ။သံယောဇဥ်ဆိုတဲ့အရာကို မုန်းတယ်။ဘယ်သက်ရှိသက်မဲ့အရာပေါ်မှာမှ စွဲလမ်းစိတ်ကို မထားချင်ခဲ့။ကြောင်ကလေးတွေ၊ခွေးကလေးတွေ တပွေ့ပွေ့တပိုက်ပိုက်နဲ့ သံယောဇဥ်တွယ်နေကြတဲ့သူတွေမြင်မိရင် ငေးကြည့်နေရုံကလွဲရင် ကျွန်တော်မတတ်နိုင်ခဲ့။
ခွဲရမှာ..အရာရာတိုင်းက အချိန်တန်ရင်ခွဲကိုခွဲသွားရမှာဆိုတဲ့ အသိက သံယောဇဥ်တွယ်စေမယ့် အရာတွေအပေါ် ကန့်သတ်နိုင်စေခဲ့တယ်။ကျွန်တော့်အပေါ် ကလေးဆန်ဆန်ဆိုးတတ်တဲ့ကောင်လေး၊ကျွန်တော်မျက်နာတစ်ချက်ညှိုးမှာ သေလောက်အောင်ကြောက်တဲ့ကောင်လေးက ခုနေ့တော့ထန်းရည်သောက်ဖို့ခွင့်ပြုရချက်တောင်းခဲ့တယ်။သူဘာတွေခံစားနေရမလဲဆိုတာ ကျွန်တော်နားလည်တယ်။သူနဲ့ထပ်တူ ကျွန်တော်ပါခံစားနေရတယ်ဆိုတဲ့အချက်ကိုတော့ မသိစေချင်ခဲ့ပါ။သူ့ဘဝလေးမြင့်မားဖို့ဆို..ကျွန်တော့်နှလုံးကို စတေးဖို့ဆိုရင်လဲ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။
"ကိုကို.."
စိုင်ခင်းတွေနဲ့မလှမ်းမကမ်းမှာ ပေါက်တူး၊ဂေါ်ပြားတွေနဲ့ ထိုင်နေတဲ့ကျွန်တော့်အနားကို သူလျှောက်လာနေသည်။တစ်ထွာလောက်အကွာမှာ သူထိုင်ချလိုက်တော့ အရက်နံ့စူးစူးကိုပါ ရလိုက်သည်။သူကိုယ်တိုင်ပေးထားတဲ့ ကတိကို၊လွယ်လွယ်ပေးပဲ ဖျက်ခဲ့ပြီပဲ။ဟုတ်တယ်..သူ့ဘဝနဲ့သူ့အကြောင်းပဲ၊ကျွန်တော်မချုပ်ချင်တော့။မလွှမ်းမိုးချင်မိတော့။
"ကိုကို..ဘာလုပ်နေတာလဲ.."
ငါးလက်မလောက်ပဲရှိသေးတဲ့ အပင်ပေါက်လေးကို မြေကြီးတွင်းထဲထည့်နေတဲ့ ကိုကိုက ကျွန်တော့်ကိုတစ်ချက်ငဲ့ကြည့်ရင်း မြေတွေဖို့နေသည်။သက်ပြင်းချသံလား၊ခပ်ပြင်းပြင်းအသက်ရှူသံလား ကျွန်တော်ကြားနေရတယ်။
"ကြီးကြီးတို့အိမ်က ဆိတ်ဖလူးပင်ပေါက်တောင်းလာပြီးစိုက်နေတာ။မင်းမြင်ဖူးလား ဆိတ်ဖလူးပန်းကို.."
![](https://img.wattpad.com/cover/304497838-288-k430805.jpg)
YOU ARE READING
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed