Part☁️16(U)

1.8K 119 4
                                        

"ဒီ ဖေ-ိုးမ မီး။ပျက်ပြန်ပြီ."

လေးနာရီရောက်တော့ ကြယ်တာရာတို့အိမ်ကို ကျွန်တော်အရောက်လာခဲ့သည်။နေ့လည်စာအတွက် ကြက်စွပ်ပြုတ်လာပို့တော့ တစ်ပွဲလုံးကုန်အောင်သောက်လိုက်တဲ့ ကောင်လေးက ဖုတ်သရဲဝင်နေတယ်လို့ပင်ထင်ရသည်။ဒဏ်ရာတွေကလဲ အကိုက်အခဲပျောက်ဆေးနဲ့လိမ်းဆေးတို့ကြောင့် သက်သာသွားတယ်ထင်ပါတယ်။မနေ့ကလို နွမ်းနယ်နေတဲ့မျက်နှာလေးမဟုတ်တော့ပေမယ့် ခနခနလှုပ်ရှားမှုလုပ်ရင် နာလာတာကြောင့် သိပ်တော့မထဘဲထိုင်နေတာများသည်။စာအုပ်ကိုရှေ့ချပြီးကျွန်တော်လုပ်နေသမျှကို မျက်တောက်မခပ်လိုက်ကြည့်နေတာကြောင့် ဘုကြည့်ကြည့်ပေးလိုက်တော့မှ မျက်နှာလွှဲသွား၏။

ညနေစာအတွက် အိမ်မှာတစ်ခါဟင်းဝင်ယူရင်း ဒီရောက်မှ ထမင်းချက်တာဖြစ်သည်။ပေါင်းအိုးထဲကို ဆန်တစ်လုံးခွဲထည့်ကာ ရေထည့်လိုက်ရင်း ပလတ်ကိုဖွင့်လိုက်ကာမှ မပြောမဆိုနဲ့ပြတ်သွားတဲ့ မီးကြောင့် စိတ်မထိန်းနိုင်တော့ပဲ အားရပါးရဆဲချလိုက်မှ နေသာထိုင်သာရှိသွားတော့သည်။
ကြက်သားချက်ပြီးသားတစ်ခုတည်းသာရှိတာကြောင့်အရံဟင်းအဖြစ် လက်ဖက်သုပ်နဲ့၊ကြက်ဥကြော်ရပေအုံးမည်။မီးနဲ့က အလုပ်လုပ်လို့မရတော့တာကြောင့် မီးသွေးမီးဖိုနဲ့ပဲ စခန်းသွားရတော့မည်။အိမ်မှာဆို ထင်းခြောက်တွေဆောင်ထားတတ်တာကြောင့် အခက်အခဲမရှိ၊မီးသွေးနဲ့က ကျွမ်းကျွမ်းကျင်ကျင်မချက်တတ်တာကြောင့် အခက်ခဲအနည်းငယ်တော့ရှိ၏။

"ဇီဝတွေ ကျက်ထားကောင်လေး။ညမှ တွက်စာတွေပြန်လုပ်ကြမယ်။ဒီအချိန်မှ ထမင်းဟင်းမချက်ထားရရင် ခုညရှစ်နာရီထိုးတောင်မီးကပြန်လာမှာမဟုတ်တော့ နှစ်ယောက်လုံးငတ်လိမ့်မယ်."

"တစ်နေ့တစ်လေပဲ။ဆရာအကိုကြီးရယ် ကျွန်တော်တို့အပြင်သွားစားကြမယ်လေ.."

"..ထမင်းဆိုင်ထိုင်တာလွယ်တယ်များထင်နေလား။ထမင်းတစ်ပွဲငါးရာ၊ဟင်းကအရံဟင်းဆိုရင်တောင် တစ်ပွဲခုနှစ်ရာလောက်ဖြစ်နေတာ အသားဟင်းနဲ့သာစားရင် သောင်းနားကပ်သွားလိမ့်မယ်။ထမင်းတစ်နပ်စားဖို့သောင်းချီကုန်မယ့်အလုပ် အလွမ်းလို့မလုပ်။လုပ်ရင် အလွမ်းမဟုတ်။ မီးခိုးကလဲ ခိုးလိုက်တာ။အဟွတ်.အဟွတ်.."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedOù les histoires vivent. Découvrez maintenant