Final Part🍯(U)

4.9K 111 4
                                        

တဂျိမ်းဂျိမ်းအသံတွေထွက်နေတဲ့ အမြန်ရထားကြီးရဲ့ ပြတင်းပေါက်ကနေ ခပ်လှမ်းလှမ်းက လယ်ကွင်းတွေဆီ ငေးမောနေမိသည်။အကြောင်းမဲ့ငေးမောနေခြင်းတော့မဟုတ်။တစ်စုံတစ်ယောက်ရဲ့အကြောင်းကိုတွေးရင်း ခပ်လှမ်းလှမ်းက အရာတွေကို ​ငေးရတဲ့ခံစားချက်က ရင်ခုန်စရာကောင်းလွန်းသည်။

"နှစ်နှစ် ဟုတ်လား ကိုကို။ဘာအတွက်..ဘာအတွက် နှစ်နှစ်ကြီးများတောင် ကိုကိုနဲ့ အဆက်အသွယ်မလုပ်ပဲနေရမှာလဲ။အဓိပ္ပါယ်မရှိလိုက်တာဗျာ.."

ထိုနေ့က ဂစ်တာကို လက်တစ်ဖက်က ပိုက်ရင်း ကျွန်တော့်ကို စကားနာထိုးနေခဲ့တဲ့ကောင်လေး။သူပြောခဲ့တယ်..အချစ်ဆိုတာ စောင့်ဆိုင်းခြင်းတဲ့။ကျွန်တော်သူ့ကို စောင့်ဆိုင်းခဲ့ရတာ ငါးနှစ်။သူ့ခံစားချက်တွေက စစ်မှန်နေပြီဆိုတဲ့အဖြေအတွက် အဆက်သွယ်မရှိပဲ နေခဲ့ရတဲ့ကာလတွေပေါ့။အခုတော့ ကျွန်တော့်အလှည့်ကိုရောက်ခဲ့ပြီ။အတုန့်အလှည့်ဆိုတာမျိုးတော့မဟုတ်ပေမယ့် ကျွန်တော်ကိုယ်တိုင်လဲ ဒီကာလတွေကြားထဲမှာ positive အတွေးတွေနဲ့ ရှင်သန်ချင်ပါသေးတယ်။

"ငါ.မင်းကို ယုံကြည်မှုပေးဖို့ထပ်ကြောက်သွားတာ ကြယ်တာရာဆွေး။ယုံကြည်မှုဆိုတာ လွယ်လွယ်နဲ့တည်ဆောက်လို့ရတဲ့အရာမဟုတ်ဘူး။ငါမင်းကိုယုံခဲ့လို့ အတွေးပေါင်းစုံနဲ့ပြိုလဲနေခဲ့ရတာ ငါးနှစ်ပါ။အခုမင်းငါ့ကို လက်ထပ်ခွင့်တောင်းတယ်။ဒီအတွက် ငါအချိန်ယူဖို့လိုတယ်လေ။မင်းကိုယုံကြည်မှု ထပ်ပေးသင့်လားဆိုတဲ့ မေးခွန်းနဲ့ ငါထပ်ပြီးပူလောင်နေရအုံးမှာပါ။နှစ်နှစ်တည်းပါကြယ်တာရာဆွေးရာ။ငါ့ကို အဲ့လောက်ပဲ အချိန်ပေးစမ်းပါ.."

"ကိုကိုက မမိုက်ပါဘူးဗျာ။အဆက်သွယ်မလုပ်ရဘူးပဲထား။အဲ့အချိန်ရောက်ရင် ကိုကို့ဆီက အဖြေက ကျွန်တော့်အတွက် ပျော်စရာပဲ ဖြစ်မယ်မဟုတ်လား.."

"ဒါကတော့ မင်းအပေါ်မူတည်ပါတယ်။မင်းမစောင့်နိုင်ဘူးဆိုရင် တစ်ခြားတစ်ယောက်ပြောင်းကြိုက်လို့လဲရပါတယ်။ငါမင်းအပေါ် သံယောဇဥ်ရှိခဲ့ပါတယ်။အနည်ထိုင်နေတဲ့ သံယောဇဥ်တွေကို ရှင်သန်အောင်ပြန်မွေးဖွားဖို့ အချိန်နှစ်နှစ်ပဲ ငါယူမှာပါ။ပြီးတော့ ငါမင်းကို ယုံကြည်ဖို့လဲ ကြိုးစားမှာပါ.."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedOnde histórias criam vida. Descubra agora