Part☁️20(U)

1.8K 117 12
                                        

"မင်းကို အန်တီဖုန်းမဆက်ဘူးလား။သူဘယ်နေ့ပြန်မယ်တဲ့လဲ.."

သင်္ချာတွက်နေတဲ့ ကျွန်တော့်ကိုGrammerအိမ်စာတွေစစ်ပေးနေရင်းမှမေးနေသည်။မေမေသွားတာ လေးရက်လောက်ရှိနေပြီဖြစ်တာကြောင့် မနက်ဖြန်ပြန်လာမယ်ဆိုတဲ့အကြောင်းကိုလဲ ကျွန်တော်သိထားပြီးဖြစ်သည်။ဆရာအကိုကြီးကိုတော့ အကြောင်းအမျိုးမျိုးပြကာ စာသင်မသွားစေခဲ့။သူ့ကျောင်းသားတွေကို အားနာနေလို့ထင်ပါတယ်။ပြီးတော့ ကျွန်တော်နဲ့ဒီလောက်အတူနေပေးနေတာဆိုတော့ အိမ်လဲပြန်ချင်နေလောက်ပြီ။

"မနက်ဖြန်ပြန်လာတော့မယ် ဆရာအကိုကြီး။."

"အလုပ်တွေပြီးသွားပြီတဲ့လား.."

"ပြီးသွားပြီလို့တော့ပြောတာပဲ။ဆရာအကိုကြီးကို ကျေးဇူးအများကြီးတင်ပါတယ်.."

ပြီးသွားတဲ့ပုစ္ဆာတစ်ပုဒ်ကို မျဉ်းပိတ်လိုက်ရင်းကျေးဇူးတင်စကားပြောလာသည်။သူ့မျက်နှာလေးကလဲ ခုနေ့ကျမှ အားမရှိသလိုဖျော့တော့နေသည်။ခြေထောက်ဒဏ်ရာကလဲ မကျက်သေးတာကြောင့်လမ်းသေချာမလျှောက်နိုင်ရုံအပြင်စိုးရိမ်စရာအခြေအနေတော့မရှိ။

"ရပါတယ်။ငါ့ကို တကယ်ကျေးဇူးတင်တယ်ဆိုရင် ဝက်ခြံလိုဖြစ်နေတဲ့ မင်းအခန်းကို သေချာရှင်းစမ်းပါ။မင်းအဝတ်ပုံတွေကြားမှာ တိုးအိပ်နေရတာ ငါ့ကို နည်းနည်းပါးပါးလဲ အားနာစမ်းပါအုံး.."

ညအိပ်တဲ့အခါမှာတော့ ကျွန်တော်တို့အတူအိပ်ဖြစ်ကြတယ်။ဆရာအကိုကြီးက အသက်သာကြီးတာ အိပ်ရေးလဲကြမ်းသေးသည်။ခေါင်းရင်းနဲ့ခြေရင်းမှားတတ်သလို၊ယောင်ယမ်းပြီးတော့လဲ ဖြတ်ရိုက်တတ်သေးတာ။ကျွန်တော်လဲ ရှောင်လင်သိုင်းအတော်ပင်တတ်နေတော့၏။အိပ်ရေးဆက်တဲ့သူဖြစ်တာကြောင့် ဆရာအကိုကြီးတစ်ခါလှုပ်တိုင်း၊ကျွန်တော်တစ်ခါနိုးရသည်။အိပ်ရေးပျက်လောက်တဲ့အထိတော့မဆိုးပေမယ့် သုံးရက်အတွင်းတော့ နေသားကျသွားခဲ့ပါပြီ။

"အန်တီမိုးပြန်မလာသေးလို့မရှင်းဖြစ်သေးတာပါဗျာ။ဝက်ခြံလောက်ကြီးတော့မဆိုးပါဘူး။ကဲလိုက်တာ.."

"ကိုယ်လုပ်လို့ရတဲ့အရာဆိုရင် ကိုယ့်ဘာသာလုပ်လိုက်တာအကောင်းဆုံးပဲ။မင်းပုံစံက သူများလုပ်ပေးမှလုပ်တတ်တဲ့ပုံစံဖြစ်နေတာတော့မဟုတ်သေးဘူးလေ။ခြင်းထဲမှာ စုထားတဲ့အဝတ်တွေကို လျှော်စက်ထဲထည့်တာ ခက်တဲ့အလုပ်မဟုတ်ဘူး။ပြီးတော့ စားပြီးသားမုန့်တွေ၊ပီကေခွံတွေနဲ့ မင်းအခန်းက မြွေတွေတောင်ဝင်ခွေပြီးနေနိုင်တယ်။အဲ့ဒါရောသိလား.."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedМесто, где живут истории. Откройте их для себя