"ဟယ်တော် ကြောက်ဖို့တော့အကောင်းသား။ဒါဆို သားတို့က ကျွန်းစုတွေဘက်ကိုပါ တစ်ခါတစ်လေ ဆင်းရတယ်ပေါ့။ဘာနဲ့သွားကြလဲ သင်္ဘောနဲ့ပဲလား.."
ကောင်းကောင်း၊ပိုင်ခန့်တို့မောင်နှမနဲ့အတူ အန်တီပါ အလည်ရောက်လာကြသည်။လွင်ကြီးနဲ့ဗလကတော့ ပိုင်ခန့်တို့ထက် ရာထူးပိုကြီးတယ်တဲ့။အလုပ်ကိစ္စတွေကလဲ သူတို့နှစ်ယောက်မပါရင်မပြီးတဲ့ ပုံစံမျိုးဖြစ်တာကြောင့် ခွင့်ရက်ရှည်မရပဲ ပြန်မလာကြခြင်းဖြစ်သည်။မိဘတွေမရှိတော့တဲ့သူတွေ ဆိုတော့ ပြန်မလာတာလဲ ပါပေလိမ့်မယ်။
လွင်ကြီးကတော့ ခုနှစ်ပိုင်းလောက် မင်္ဂလာဆောင်တော့မယ်တဲ့။ဝန်ထမ်းအိမ်ရာတွေပေးတာကြောင့် သူတို့ချင်းလဲ ဆုံဖို့မလွယ်တဲ့အကြောင်း ကောင်းကောင်းပြောပြမှသိရသည်။ပိုင်ခန့်ကတော့ အရင်ကထပ်အရပ်ကြီးပိုရှည်ပြီးခန့်လာလိုက်တာ။ကောင်းကောင်းကတော့ ကျွန်တော့်လိုပဲ မွေးတိုင်းမှီ။
"ဟုတ်ပါ့အန်တီရယ်။တစ်ခါဆို လေပြင်းတိုက်တာနဲ့တိုးတာ။မိုးတွေကရွာ၊လှိုင်းတွေကထန်နဲ့ ဘုရားတလိုက်ရတယ်ဆိုတာ။ရေလမ်းကြိုက်တဲ့သူတောင် နောက်တစ်ခေါက်မိုးတွင်းဘက်တွေ ကျွန်းစုတွေဖက် မသွားရဖို့ဆုတောင်းနေရတယ်..."
"ဒါဆို သားပိုင်ခန့်ကရော ကျွန်းစုတွေဘက်မဆင်းရဘူးလား။ကောင်းကောင်းလေးကတော့ အသားတွေ ညိုသွားလိုက်တာ.."
ဒီစကားဝိုင်းမှာ ကျွန်တော်ရယ် မိဇူးရယ်ကသာ နားထာင်နေတဲ့သူတွေ။မေမေနဲ့အန်တီကမေးလိုက်ဖေဖေကမေးလိုက်နဲ့ မိသားစုလေးလိုပင်။နွေးထွေးလှသည်။
"ကျွန်တော်က ကျတော့ လစာစရိတ်ဘက်ဆိုတော့ လက်တွေ့ကွင်းဆင်းရတာတွေမရှိဘူး။ကောင်းကောင်းတို့က စျေးကွက်ပိုင်းကိုင်တာဆိုတော့ တစ်ခါတစ်လေ ဆင်းရတယ်လေ။..."
"သားပိုင်ခန့်တောင် အသံတွေဝဲလာသလိုပဲနော် မသက်။သူ့အဖေကတော့ သူ့သားကိုကြည့်ပြီး တောက်တစ်ခေါက်ခေါက်နဲ့ဟယ် မျက်ရည်ကြီးတွေဝဲပြီး ဆေးလိပ်ကြီးပဲခဲနေတာ။သူ့သားက ကိုယ်ထိလက်ရောက် ကန်တော့တော့မှ ထငိုပါလေရော..."
ВЫ ЧИТАЕТЕ
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed