ကြယ်တာရာဆွေး မုန့်ဟင်းခါးကြိုက်ပုံကိုတော့ မေမေပင်လက်ဖျားခါရလောက်တဲ့အထိပင်။ရွာထဲကအိမ်ကိုမသွားဖြစ်ပဲ ခြံထဲမှာပဲ ကျွန်တော်နဲ့သူနေဖြစ်သည်။သီးသန့်အခန်းတစ်ခုရှိသည့်အပြင် ရေချိုးခန်း၊အိမ်သာတွေပါ သီးသန့်ရှိတာကြောင့် အဆင်ပြေလှသည်။ဖေဖေပါ ခြံထဲကအိမ်ကိုရောက်နေပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောဖြစ်ကြသည်။ခပ်အေးအေးပဲ နေတတ်တဲ့ဖေဖေနဲ့ ကြယ်တာရာက ခနလေးအတွင်းပင်စကားတွေရေပက်မဝင်အောင်ပြောဆိုဆွေးနွေးနိုင်ကြတဲ့သူတွေဖြစ်သွားသည်။ဘောလုံးအကြောင်းတွေအပြင်၊ပုဂံရာဇဝင်တွေအထိ လူကြီးတစ်ယောက်နဲ့ဆွေးနွေးနိုင်တဲ့အထိ ကြယ်တာရာဆွေးက ဗဟုသုတစုံလှသည်။
"စာမေးပွဲအခြေအနေရော..ဘယ်လိုရှိလဲသား။ဖြေနိုင်ခဲ့တယ်မလား။အလွမ်းကတော့ အန်တီနဲ့ဖုန်းဆက်တိုင်းပြောတယ်။ကြယ်တာရာဆွေးဆိုတဲ့ ကလေးက စာအရမ်းတော်သလို၊ရုပ်လဲအရမ်းချောတာဆိုပဲ။ဖုန်းထဲကသာ ရင်းနှီးနေတာသားရယ်။တကယ်မြင်လိုက်ရတော့လဲ ချောချောလေးပဲ.."
"ဗျာ..ကိုကိုက အဲ့လိုပဲ ချီးကျူးလားအန်တီ။ကျွန်တော့်ကို တစ်ခါမှ အဲ့လိုအကောင်းပြောဖူး.."
"အလွမ်းကအဲ့လိုပဲ။တစ်ဦးတောသာသားက ဖြစ်ပြန် ငယ်ငယ်တည်းက အစ်မတွေကြားထဲမှာ နေလာရပြီးအလိုလိုက်ခံရတော့ ဆိုးတယ်သားရေ။အလွမ်း..သွား ဟင်းရည်ခပ်ချေအုံး။ငါ့သားလေးက ကြက်သွန်ဥတွေကြိုက်တဲ့ပုံပဲတော် များများသူခပ်ခဲ့။မုန့်ဖက်ယူအုံးမလားသားလေး။နံနံပင်ပါ ညှပ်ခဲ့ အလွမ်းရေ."
ကျွန်တော်လဲ ရွာရောက်မှ ကြယ်တာရာဆွေးရဲ့စင်ဒရဲလားဖြစ်ရပြီ။မုန့်ဟင်းခါးသရဲလို့ထင်ရလောက်အောင် ထည့်ပေးသမျှကုန်နေတဲ့ကောင်လေးကိုလက်လံသည်။မေမေကလဲ သားဆိုတာချင်းကိုထပ်နေတော့တာ။ကျွန်တော်လို သားအရင်းကပင် မနာလိုဖြစ်ရတဲ့အထိ။ဒါပေမယ့် ကျေနပ်တဲ့စိတ်ကြောင့် ရင်ထဲမှာ ခပ်နွေးနွေး။
"စားလို့ကောင်းလိုက်တာဗျာ။ဟင်းရည်လေးက ချိုပြီးတော့ ပျစ်နစ်နေတာပဲ။ပုဂံမှာ စားခဲ့တဲ့ဟာထက်တောင်စားလို့ကောင်းသေးတယ်.."
YOU ARE READING
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed